သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်လုပ်ကိုင်


စစ်အစိုးရ ပုံမှန် လေးလပတ် အစည်းအဝေးကို နိုဝင်္ဘာလကုန်ပိုင်းမှာ နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ထိပ်တန်းစစ်ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြတဲ့ ဒီအစည်းအဝေးမှာ စစ်တပ်ရာထူးအပြောင်းအလဲ၊ ခန့်အပ်၊ အနားပေး၊ ဖြုတ်ထုတ်၊ ပြောင်းရွှေ့ခြင်းစတဲ့ စစ်အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆုံးဖြတ်ကြပါတယ်။ ကျင်းပခဲ့တဲ့ အစည်းအဝေး လုပ်ဆောင် ဆုံးဖြတ်ချက်များကို မြန်မာ့အရေး စစ်အရေး စောင့်ကြည့်လေ့လာသူများကလည်း စောင့်ကြည့်သုံးသပ်ကြပါတယ်။ စစ်အစိုးရအနေနဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေကို သတင်းအဖြစ် တရားဝင် မထုတ်ပြန်တက်ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ပြင်ပကို ပေါက်ကြားလာတက်ပါတယ်။ ပြီးခဲ့တဲ့ အစည်းအဝေးမှာ တိုင်းမှုး၊ တပ်မမှုးတွေ ရာထူး အပြောင်းအလဲမရှိခဲ့ပေမယ့် စစ်ရုံးချုပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်ရာထူးခန့်ချုပ်၊ တပ်မတော် စစ်ဥပဒေချုပ်၊ တပ်မတော် စစ်ဆင်ရေမှုးချုပ် စတဲ့ အရာရှိကြီး သုံးဦးကို ဒု-ဗိုလ်ချုပ်ကြီး အဆင့်တွေကို တိုးမြင့်ပေးလိုက်ကြောင်း၊ ဒီလိုလုပ်ဆောင်ခြင်းက ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရ နဲ့ စစ်တပ်ဆက်ဆံရေး အတွက် ပြင်ဆင်လုပ်ကိုင်နေတာ ဖြစ်နိုင်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့  (Chiang Mai) အခြေစိုက် မြန်မာစစ်တပ်ရေးရာ လေ့လာနေသူ ဦးဝင်းမင်း ကို ဗွီအိုအေ ဌာနမှုး ဦးသန်းလွင်ထွန်း က စစ်ရာထူးအပြောင်းအလဲ၊ တပ်တွင်း ရာထူးအာဏာ အဆင့်အတန်းကွဲပြားမှု၊ စစ်အစိုးရရဲ့  ရွေးကောက်ပွဲအတွက် ပြင်ဆင်လုပ်ကိုင်နေမှု၊ တပ်တွင်းဆိုင်ရာ အခြေအနေ စတဲ့ အကြောင်းအရာများကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG