သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတိုက်ခိုက်မှု အဓိကကြိုးကိုင်ဟု ယူဆရသူကို ပါကစ္စတန်မှာ ဖမ်းဆီးရမိ


ပြီးခဲ့တဲ့လ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းက တိုက်ခိုက်မှုတွေအတွက် စီစဉ်
တယ်လို့ ယူဆရသူ ဇာကီအာ ရာမန် လက်ဗီ (Zaki-ur-Rehman Lakhvi) ကို
ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွစခန်းတခုကို ဝင်ရောက်စီးနင်းရာက
ဖမ်းဆီးရမိတယ်လို့ ပါကစ္စတန်သတင်းမှာ ဖော်ပြပါတယ်။

ဂျမတ် အွတ်ဒ် ဒဝါ (Jamat-ud-dawah) အဖွဲ့ရဲ့စခန်းကို ဝင်ရောက်စီးနင်းရာက လက်ဗီ
နဲ့ တခြားစစ်သွေးကြွ အများအပြားကို ပါကစ္စတန်ရဲတွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဂျမတ်အဖွဲ့ဟာ မွမ်ဘိုင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ အိန္ဒိယနိုင်ငံက အပြစ်
တင်ခဲ့တဲ့ လက်ရှ်ကာ အီး တေအီဘာ (Lashkar-e-Taiba) အဖွဲ့ရဲ့ တပ်ဦးအဖွဲ့ဖြစ်ပါ
တယ်။

လက်ဗီဟာ မွမ်ဘိုင်းတိုက်ခိုက်မှုကို ကြိုးကိုင်သူတွေထဲက တဦးဖြစ်ကြောင်း တိုက်ခိုက်
မှုမှာ လက်ရဖမ်းဆီးခဲ့မိတဲ့ တဦးတည်းသောကျန်တဲ့ သေနတ်သမား မိုဟာမက်
ကဇက်ဘ် (Mohammed Kasab) က ဝန်ခံတယ်လို့ အိန္ဒိယရဲက ပြောပါတယ်။

ပါကစ္စတန်ရဲတွေ တနင်္ဂနွေနေ့က ဝင်ရောက်စီးနင်းခဲ့တဲ့ နေရာဟာ ပါကစ္စတန်
ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ မူဇာဖရာဘတ်မြို့နားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ပါကစ္စတန် တာဝန်ရှိသူတွေကတော့ မှတ်ချက်တစုံတရာပေး
ဖို့ ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG