နိုင်ငံရေးအကျဉ်းသားတွေကို
ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး ဝေးလံတဲ့ အကျဉ်း
ထောင်တွေကို ပြောင်းရွှေ့ပို့ဆောင်လိုက်လို့
သက်ဆိုင်ရာမိသားစုတွေ လိုက်လံတွေ့ဖို့
ဆုံဖို့ အခက်အခဲတွေ ကြုံနေကြရတယ်လို့ မိသားစုဝင်တွေက
ပြောနေကြပါတယ်။
ဒီလိုအခြေအနေတွေကြောင့်မို့လို့လည်း နိုင်ငံရေးအကျဉ်းသားတွေအတွက် အထောက်
အပံ့ပေးဖို့၊
အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ နယ်ထောင်တွေကို
ရောက်သွားကြသူတွေအတွက်
ပံ့ပိုးကူညီပေးဖို့အတွက် မိသားစုတွေမှာ အခက်တွေ့နေ
ရတယ်လို့လည်း ဆိုကြပါတယ်။ အကြောင်းစုံကို
ဆက်သွယ်စုံစမ်းထားတဲ့
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို
မကြာသေးခင်လတွေကစလို့ ထောင်ဒဏ်ပြစ်ဒဏ်
တွေ စီရင်ပြီး နောက်ဆက်တွဲ မိသားစုနဲ့အလှမ်းဝေးရာ
နယ်ထောင်တွေကို ပို့ဆောင်
လိုက်လို့ သွားရေးလာရေးကစလို့ အစစ အခက်ကြုံနေကြရတာပါ။ ပြီးခဲ့တဲ့နှစ်
သြဂုတ်
လ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေ၊ စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာ
ပို့ကြွချီပွဲတွေ
နောက်ဆက်တွဲ ဖမ်းဆီးပြီး ထောင်ဒဏ်စီရင်ချက် ချမှတ်ခံခဲ့ရသူ စုစု
ပေါင်း ၂၀၀ ကျော်ရှိတဲ့အထဲက
အများစုကို နယ်မြို့တွေမှာရှိတဲ့ အကျဉ်းထောင်တွေကို
ပို့ဆောင်လိုက်ပေမယ့် သူတို့ရဲ့မိသားစုတွေထဲက
အနည်းငယ်လောက်ပဲ လိုက်လံ
တွေ့ဆုံနိုင်ကြသေးတာပါ။ အခက်အခဲအမျိုးမျိုးကြောင့် အခုလို မိသားစုတွေ
တွေ့ဖို့
ဆုံဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံနေကြရတာလို့ မကြာသေးခင်ကပဲ တနင်္သာရီ
တိုင်း
ကော့သောင်းအကျဉ်းထောင်ကို ပြောင်းရွှေ့ပို့ဆောင်ခံခဲ့ရတဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့
ကိုပြုံးချိုရဲ့ ဖခင်ဖြစ်သူ ဦးဝင်းမောင်က ပြောပြ
ပါတယ်။
"မတွေ့နိုင်တာများတယ်။ အလွန်ဆုံးတွေ့နိုင်ရင် လေးငါးဆယ်တောင် မပြည့်သေးဘူး
ထင်တယ်။
တချို့ကလည်း လမ်းပန်းအဆက်အသွယ်၊ သွားရေးလာရေး အခက်အခဲ၊
ပြီးတော့ ယာဉ်အသွားအလာ လက်မှတ်ယူရတာတွေ
ဘာတွေကအစ မလွယ်တာတွေ
လည်း ရှိတယ်လေ။ တချို့ကျတော့လည်း ငွေကြေးမတတ်နိုင်တာတွေလည်း ပါတာပေါ့။
အမျိုးမျိုး ချင့်ချိန်ပြီးတော့ သွားနေကြရတာကိုး။ အသွားအလာများတဲ့အခါကြတော့
ကိုယ်သွားတဲ့ရက်မှာ
တခါတလေ ရချင်မှရတယ်။ တချို့ အဆက်အသွယ်နဲ့ ဝယ်ရတာ
တွေ ဘာတွေလည်း ရှိတယ်။
"အထူးသဖြင့် သင်္ဘောလမ်းတို့ ဘာတို့ကြတော့ နည်းနည်းပိုပြီးတော့ အခက်အခဲ
တွေ့တာပေါ့၊
သင်္ဘောလမ်းတို့၊ လေယာဉ်လမ်းတို့က။ ပြီးတော့ တဆင့်တဆင့် သွားရ
တဲ့နေရာတွေကြတော့ ပိုပြီး
မလွယ်ဘူးဖြစ်သွားတာပေါ့။ ရထားလမ်းမှာဆိုလည်း
ရန်ကုန်က နည်းနည်းလွယ်ပြီးတော့ မြစ်ကြီးနားတို့ ဘာတို့ကြတော့ မန္တလေးမှာ
အခက်
အခဲတွေ့တာတွေလည်း ရှိတယ်လေ။"
အလားတူ တွေ့ဖို့ဆုံဖို့
အခက်အခဲအမျိုးမျိုး ရှိနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့
ပြည်ပမှာအခြေစိုက်ထားတဲ့ နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း
(AAPP) ရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ ကိုဘိုကြည်ကလည်း အခုလို
ဆိုပါသေးတယ်။
"ကျနော်တို့သိရသလောက်တော့
မိသားစု ဆယ်ဂဏန်းလောက်ကပဲ ထောင်အသီးသီး
ကို လိုက်သွားနိုင်သေးတယ်။ ကျန်တဲ့မိသားစု အများစုကတော့
နယ်ထောင်တွေကို
မသွားနိုင်သေးဘူး။ မသွားနိုင်သေးဘူးဆိုတဲ့နေရာမှာ တချို့မိသားစုတွေက
အသက်
ကြီးတာမျိုးတွေရှိတယ်။ ဥပမာ ကိုအံ့ဘွယ်ကျော်ရဲ့ အမေဆိုရင် အသက်တော်တော်
ကြီးနေပြီ။
သူတယောက်တည်းနဲ့ နယ်ထောင်ကို လိုက်သွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်
နိုင်ဘူး။
"တချို့က မိသားစုလိုက်
အဖမ်းခံထားရတာမျိုးတွေရှိတယ်။ ဥပမာ ကိုစည်သူမောင်
ရယ်၊ သူ့အဖေ ဦးပီတာနဲ့ ဒေါ်နုနုဆွေပေါ့။
သူတို့သားအမိ သားအဖသုံးယောက်စလုံး
ကို တယောက်ကို တထောင်စီ ပြောင်းလိုက်တယ်။ အဲလိုပြောင်းလိုက်တော့
ကျန်ရစ်
ခဲ့တဲ့သူတွေက တယောက်ကို တနေရာသွား၊ နောက်တနေရာသွား၊ နောက်တနေရာ
သွားဆိုရင် သူတို့အနေအထားက
ထောင်ဝင်စာ ပုံမှန်တွေ့နိုင်မယ့် အနေအထား
လုံးဝမရှိတော့ဘူး။
"အဲလိုပဲ ကိုချစ်ကိုလင်းနဲ့
မသက်သက်အောင်ဆိုရင်လည်း လင်မယားဖြစ်တယ်ဆိုပေ
မယ့် တထောင်ထဲမှာ မထားဘဲနဲ့ တယောက်တထောင်စီ
ခွဲပစ်တာမျိုးတွေ၊ နောက်တခု
က ငွေရေးကြေးရေး အခက်အခဲတွေလည်း ရှိနိုင်တယ်။ အဲတော့ သူတို့က
အချိန်
တော်တော်ကြာပြီးတော့မှ လိုက်သွားနိုင်မယ့် အနေအထားမျိုးတွေမှာ ရှိတယ်။ ဥပမာ
ကိုမင်းကိုနိုင်အိမ်တို့၊
ကိုကိုကြီးအိမ်တို့ဆိုလည်း သူတို့မိသားစုတွေက အသက်ကြီးတာနဲ့
နောက် ငွေရေးကြေးရေး အခက်အခဲ
ဖြစ်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။
ဆိုတော့ အခုချိန်ထိ လိုက်သွားနိုင်တာမျိုးကို ကျနော်တို့
မတွေ့ရသေးဘူး။"
ဒီလိုအခြေအနေမှာ နဂိုကမှ
ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့ ထောင်တွင်း
အခြေအနေအောက်မှာ ရာသီဥတုကြမ်းတမ်းတဲ့
နယ်ထောင်တွေကို ရောက်သွားသူ
တွေအဖို့ ကျန်းမာရေးအတွက် စိုးရိမ်စရာ အခြေအနေပါလို့လည်း
ကိုဘိုကြည်က
ပြောပါတယ်။
"နောက်စိုးရိမ်ရတဲ့အချက်က
ဥပမာ ကျိုင်းတုံထောင်တို့၊ ခန္တီးထောင်တို့ဆိုရင် အခု
ဟာက ဆောင်းတွင်းကာလလည်းဖြစ်တယ်၊
ရာသီဥတုက အရမ်းအေးတယ်။ သူတို့
ဆီမှာ ခြုံစရာစောင် အလုံအလောက်မရှိမှာ၊ အနွေးထည် အလုံအလောက်
မရှိမှာတွေ
ရယ်၊ နောက် ဆိုးတာက အဲဒီထောင်တွေက ငှက်ဖျားရောဂါရှိတဲ့ထောင်တွေ ဖြစ်တယ်။
ငှက်ဖျားအဖြစ်များတဲ့ ဒေသတွေပေါ့။ အဲဒီဒေသတွေမှာ ကြိုတင်ကာကွယ်ဆေးလည်း
သူတို့ လုံလုံလောက်လောက်
မရနိုင်ဘူး၊ မိသားစုကလည်း ကြိုတင်ကာကွယ်ဆေးတွေ
ကို သွားပြီး မပို့နိုင်သေးဘူး။
"အခုရောက်နေတဲ့ နယ်ထောင်တွေမှာက
ထောင်ဆေးရုံမရှိဘူး။ ကျွမ်းကျင်တဲ့
ဆရာဝန်လည်း မရှိဘူး။ အဲဒါကြောင့် ဒီလူတွေရဲ့ ကျန်းမာရေးအခြေအနေကို
ကျနော်တို့
အနေနဲ့ အတော်လေးစိုးရိမ်တယ်။ ဥပမာ ကိုလှမျိုးနောင်ဆိုရင် မျက်စိတလုံးက
ကွယ်ထားပြီးသားဖြစ်တယ်။
နောက်တလုံးထပ်ကွယ်မှာကို စိုးရိမ်ရတဲ့ အနေအထားမျိုး
ရှိတယ်။ အဲတော့ ဒီလိုအနေအထားမျိုးတွေကို
ခြုံပြီးပြောမယ်ဆိုရင် ကျန်းမာရေးအရ
အတော်ဆိုးဆိုးဝါးဝါး ခံစားရမယ့် အနေအထားမှာရှိတယ်လို့
ကျနော်တို့ ကောက်ချက်
ချလို့ရပါတယ်။"
နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွဲဖက်အတွင်း
ရေးမှူးဖြစ်တဲ့ ကိုဘိုကြည် ပြောပြသွားတာ
ဖြစ်ပါတယ်။
ကပါ ဝိုင်းဝန်းတောင်းဆိုနေတဲ့ ကြားကပဲ အခုလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို
ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်နေသလို ဝေးလံခေါင်ဖျားတဲ့ အကျဉ်းထောင်တွေကို
ပြောင်းရွှေ့တာတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲတုန်းက ဆိုရင်လည်း
နိုင်ငံပေါင်း ၅၀ ကျော်က ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၁၂ ယောက်က မြန်မာ့ဒီမို
ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို
လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေး
မှူးချူပ် ဘန်ကီမွန်းကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့အထိ တိုက်တွန်းခဲ့တာပါ။
နောက်ဆက်တွဲဆိုသလိုပဲ အာရှတိုက်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ကျော်
ကလည်း ဒီအကြံပြုချက်ကို ထောက်ခံတဲ့အနေနဲ့ မနေ့တုန်းကပဲ လက်မှတ်ရေးထိုး
တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။