သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျိုမြို့တော်က ကမ္ဘာ့လူ့အခွင့်အရေးနေ့


ဒီဇင်္ဘာလ ၁၀ ရက်နေ့သည် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ မြန်မာ့အရေး ကူညီဆောင်ရွက် လုပ်ကိုင်ပေးနေကြတဲ့ ဂျပန် နဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) တို့ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (People Forum on Burma) ဦးဆောင်စည်းရုံးမှုနဲ့ တိုကျိုမြို့ (Tokyo) ရှီဘူရာ ပန်းခြံ (Shibura Park) မှာ စုရုံးပြီး တိုကျိုမြို့ထဲကို စည်းကမ်းတကျ စီတန်းလှည့်လည်ကာ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ မတရားဖမ်းဆီး ထောင်ချအပြစ်ပေးမှု၊ နိုင်ငံရေး ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန္ဒပြ တောင်းဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG