မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီး ၇ လအကြာ မုန်တိုင်းဘေးသင့်
ဒေသ
တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အလှူငွေတွေ
ထည့်ဝင်ရေး
ကုလသမဂ္ဂက နိုင်ငံတကာကာ အလှူရှင်တွေကို မနေ့က ထပ်မံ
တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မှာကျင်းပခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ် ပြန်လည်
ထူထောင်ရေး
နိုင်ငံတကာ အလှူရှင်အစည်းအဝေးအပြီး ကမ္ဘာ့ကုလသမဂ္ဂက အခုလို
တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့
သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ
မစ်ရှဲလ် မွန်းတာ့စ်
(Michele Montas) က အခုလိုပြောပါတယ်။
"အစိုးရနဲ့ အစိုးရလက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ
အလှူရှင်အစည်းအဝေးမှာ
တက်ရောက်ပါတယ်။ ကုလသမဂ္ဂက တောင်းထားတဲ့
နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ
၄၅၁ သန်း တောင်းခံ
ထားတဲ့အထဲက သုံးပုံနှစ်ပုံလောက် ရခဲ့ပါတယ်။ စိုက်ပျိုးရေး အစောပိုင်း
ပြန်လည်
ထူထောင်ရေး အကူအညီပေးရေး လုပ်ငန်းတွေမှာ အကူအညီတွေ နည်းပါးနေပါ
တယ်။ အကူအညီတွေရဲ့
၂၅% နဲ့ ၃၉% ပဲ အခုအထိ ရပါသေးတယ်" လို့
အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ
မစ်ရှဲလ် မွန်းတာ့စ် ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံအတွင်းက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အားလုံးလက်တွဲ
ပြီး
အကူအညီမပေးဘူးဆိုရင် တိုးတက်မှုရှိပြီးသား အခြေအနေတွေ ပြန်ပြီး
ဆုတ်ယုတ်သွားလိမ့်မယ်လို့လည်း
ကုလသမဂ္ဂက သတိပေးထားပါတယ်။
အဝေး ကျင်းပခဲ့ကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ အဓိက အရေးကြီးတဲ့
အကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အဓိက ပြောဆိုကြပါတယ်။