သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကားကုမ္မဏီ တွေရဲ့ ရှေ့ရေး အာရှ စီးပွားရေးကို ရိုက်ခတ်


အမေရိကန် နိုင်ငံမှာ ကားထုတ်လုပ်သူတွေ နဲ့ လွှတ်တော်ကြား ဆွေးနွေးနေကြတဲ့ ကယ်ဆယ်ရေး အစီအစဉ် ကို အထက်လွှတ်တော် အမတ်တွေကြား သဘောတူညီချက် မရရှိသေးတာကြောင့် အာရှမှာ စတော့ဈေး ထိုးကျသွားပါတယ်။ အမေရိကန် မှာ ကြုံနေရတဲ့ စီးပွားရေး ဒုက္ခတွေကြောင့် အာရှ ပို့ကုန်တွေ ဖြတ်တောက်တာ ဖြစ်လာလိမ့်မယ်လို့ ဒေသတွင်း ရင်းနှီးမြှုပ်နှံသူတွေ က စိုးရွံ့နေကြပါတယ်။ ဘန်ကောက် က ဗွီအိုအေ Kate Pound Dawson သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

အာရှစတော့ဈေးကွက် မှာ အရောင်းအဝယ် မဖြစ်တာ က အမေရိကန် အထက်လွှတ်တော် မှာ နောက်ဆုံး မဲမခွဲမီ၊ သောကြာနေ့ မနက်ခင်း မှာ စနေပါပြီ။ ကယ်တင်ရေး စီမံကိန်း ဖြစ်မလာတဲ့အတွက် အမေရိကန် နိုင်ငံ က အဓိက ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး ၃ ခု အနက် အနည်း တချို့ကတော့ ဒေဝါလီ ခံကြရတော့မှာပါ။

တချို့ ဈေးကွက်တွေ မှာ တော်တော် ထိုးကျသွားပါတယ်။ တိုကျို နစ်ကေး အညွှန်းကိန်း ဟာ ၅.၅ %၊ ဆိုးလ် အညွှန်းကိန်း ၄.၄ % ကျသွားကြပါတယ်။ ဂျပန် နဲ့ တောင်ကိုရီးယား မှာ ရှိကြတဲ့ ကားအစိတ်အပိုင်း ထုတ်လုပ်သူတွေ အတွက် သတင်းဆိုးအဖြစ် ဝါရှင်တန် က သတင်း ကို မြင်ကြပါတယ်။

ကားလုပ်ငန်း မရှိတဲ့ ဟောင်ကောင်ဈေးကွက်တောင်မှ ခပ်လှုပ်လှုပ်ပါ။ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေ ကို ကယ်တင်ရေး အစီအစဉ် မအောင်မြင်တာကြောင့် အမေရိကန် မှာ အလုပ်လက်မဲ့ မြင့်မားလာနိုင်ပါတယ်။ အဓိပ္ပာယ် ကတော့ ဟောင်ကောင်က လုပ်ငန်းတွေ လည်း အမေရိကန် ကို ရောင်းရတာ နည်းသွား နိုင်ပါတယ် လို့ ဟောင်ကောင်မှာ ရှိတဲ့ South China Financial Holdings ကုမ္ပဏီ ရဲ့ ဒုတိယ ဥက္ကဌ ဟိုးဝဒ် ဂျော့ချ် (Howard Gorges) က ပြောပါတယ်။

“အမေရိကန် မှာ ဖြစ်နေတာတွေ နဲ့ ဝေါစထရိ ဈေးကွက် က ကျွန်တော်တို့ အပေါ် အများကြီး သြဇာသက်ရောက်ပါတယ်။ မြင်နေရတာ ကို ဒီက လူတွေက မကြိုက်ပါဘူး။ ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ရပ်လုံး ပြဿနာတွေ ပိုရှိလာမယ်လို့ သူတို့ က ထင်ကြပါတယ်။”

Hang Seng အညွှန်းကိန်း က ၆ % လောက် သောကြာနေ့ မှာ ကျသွားပါတယ်။

ဒီ သတင်းကြောင့် ဒေါ်လာဈေးလည်း ကျသွားပြီး ၁၃ နှစ်အတွင်း ယန်းဈေး နဲ့ ငွေလဲတဲ့အခါ အနိမ့်ဆုံး ဖြစ်နေပါတယ်။ တချိန်မှာဆိုရင် ငွေလဲနှုန်း က တစ်ဒေါ်လာ ၈၉ ယန်းတောင် ဖြစ်သွားပါတယ်။ အဲသလို ဒေါ်လာ ဈေးကျလာတဲ့အတွက် ဂျပန် က ပို့ကုန်လုပ်ငန်းရှင်တွေ ထိခိုက်လာပါတယ်။ ယန်းဈေး တက်သွာတာကြောင့် အမေရိကန် မှာ ဂျပန် ပစ္စည်းဈေးတွေ ဈေးတက်ပြီး အရောင်းကျသွားလို့ပါ။

ယန်းငွေ က သိပ်ကြိး ကို မြန်မြန်ဆန်ဆန် တက်သွားတယ်လို့ သူတို့ ထင်တဲ့အကြောင်း ဂျပန် ဘဏ္ဍာရေး အရာရှိတွေ က ပြောကြပါတယ်။ တကယ်လို့ ဒေါ်လာဈေး က ဆက်ကျနေမယ်ဆိုရင်၊ ဈေးကွက် ထဲ အစိုးရ က ဝင်ရောက် ဆောင်ရွက်လာမယ့် လက္ခဏာ အဖြစ် ပိုင်းခြားသုံးသပ်သူတွေ က အဲသလို ပြောတာအပေါ် သုံးသပ်ကြပါတယ်။

အမေရိကန် မှာ ဒေဝါလီခံတဲ့ ဥပဒေ ရဲ့ သဘော ကို မသိကြတာကြောင့် အာရှ က ရင်းနှီးမြှုပ်နှံသူတွေ ကြောက်ရွံ့နေကြတာ ဖြစ်တယ်လို့ ဂျော်ချ် က ပြောပါတယ်။ သတင်း က လုံးလုံးကြီး မဆိုးပါဘူး ဆိုတာ ကို နောက် ရက်အနည်းငယ်မှာ ထွက်လာမယ့်သတင်းတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ သိဖို့ ဖြစ်လာနိုင်ပါတယ် လို့ သူ က ဆိုပါတယ်။

“ဒေဝါလီခံပြီး၊ လုပ်ငန်းတွေ ကို ပြန်ဖွဲ့စည်းဖို့ အကောင်းဘက် က ပြောနေကြတာ ရှိပါတယ်။ ဒေဝါလီခံလိုက်တဲ့အခါ၊ လုပ်ငန်း ကို စွန့်လိုက်ရတာ မဟုတ်ပါဘူး။ ခုချိန်မှာတော့ လူတွေ က ကွဲကွဲပြားပြား ခွဲမသိကြသေးဘူးပေါ့ဗျာ။”

ဒေသတွင်း အစိုးရတွေ က ဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်း မှာ လှမ်းနိုင်တဲ့ ခြေလှမ်းတွေ လှမ်းလိုက်ကြပါတယ်။ တောင်ကိုရီးယား အစိုးရ ဟာ တရုတ်၊ ဂျပန်တို့ နဲ့ သဘောတူညီချက် ရကြောင်း ကျေညာပါတယ်။ ဒီ သဘောတူညီချက် အရ အစိုးရတွေ ဟာ ငွေချေးဖို့ ကြပ်နေတဲ့ အခြေအနေမှာ ငွေချေးရလွယ်လာမှာ ဖြစ်ပါတယ်။

သံမဏိထုတ်လုပ်သူတွေ လို၊ သော့ချက်ကျတဲ့ လုပ်ငန်းတွေ ကို တည်မြဲဖို့ ကူညီရအောင် အခွန်လျှော့ချဖြတ်တောက်တာ၊ ထောက်ပံ့တာ၊ ငွေချေးပေးတာ စတဲ့ အစီအစဉ်တွေ လုပ်ထားတယ်လို့ ဘေကျင်းမြို့ မှာ အရာရှိတွေ က ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG