သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် သမ္မတသက်တမ်း တိုးရေးကိစ္စ မလိုလား သူများ ဆန့်ကျင်ဆန္ဒပြ


သမ္မတသက်တမ်း ထပ်တိုးဖို့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတာကို ကန့်ကွက်တဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ထောင်ပေါင်းများစွာသော ဖိလစ်ပိုင်ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို မနီလာမြို့လယ်မှာ သောကြာနေ့က လက်ဝဲ ဆန်တဲ့ ဥပဒေပြုအမတ်တွေနဲ့ ဘာသာရေးအဖွဲ့တွေကလည်း ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

အခုလို အခြေခံဥပဒေကို ပြင်ဆင်ဖို့ကို လက်ရှိသမ္မတ ဂလိုရီယာ အရီယို ကို ထောက်ခံသူတွေက ဖိလစ်ပိုင်လွှတ်တော်မှာ လူထုကြားနာပွဲတွေ လုပ်ခဲ့ကြပါတယ်။ အတိုက်အခံတွေကတော့ ဒီလို ပြင်ဆင်ချက်ဟာ သူမကို သမ္မတ သက်တမ်း ကုန်ဆုံးတဲ့ ၂၀၁၀ ခုနှစ်အလွန်ထိ ဆက်ရှိနေအောင် လုပ်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာတော့ အခုလိုမျိုး မနီလာမြို့ ဆန္ဒပြမှုတွေကြောင် အရင်သမ္မတတွေ ဖြစ်တဲ့ ဖာဒီနန် မားကို့စ် နဲ့ ဂျိုးဇက် အယ်လ်စတာဒါ တို့ ပြုတ်ကျခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG