လူ့အခွင့်အရေးကို မြှင့်တင်ဖို့ တရုတ်အစိုးရဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ တရုတ်သမ္မတ ဟူကျင်းတောင် က ပြောကြားသွားပါတယ်။ တရုတ်နိုင်ငံမှာ ထိပ်တန်း လူ့အခွင့်အရေး လှုပ်ရှားသူတချို့ကို မကြာခင်က ဖမ်းဆီးခဲ့ပြီးတဲ့နောက် အခုလိုမျိုး သမ္မတ ဆီက ကတိစကား ထွက်လာခဲ့တာဖြစ်ပါတယ်။
ကမ္ဘာငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် လူ့အခွင့်အရေး နယ်ပယ်ရပ်မှာ တရုတ်က နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်မှုကို တိုးမြှင့်မှာ ဖြစ်တယ်လို့ သမ္မတ ရဲ့ ပြောကြားချက်ကို ဆင်ဟွာ သတင်းထဲမှာ သောကြာနေ့က ဖော်ပြထားတာပါ။ ဗုဒ္ဓဟူးနေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစာတမ်း နှစ် (၆၀) မြောက် နှစ်မှာ တရုတ်သမ္မတ က လူ့အခွင့်အရေး လေ့လာရေး တရုတ်အဖွဲ့အစည်း ဆီကို ပေးပို့တဲ့စာထဲမှာ အခုလို ထည့်ပြောသွားတာပါ။
ဒါပေမယ့် တရုတ်နိုင်ငံမှာ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီရေး ကာကွယ်ပေးဖို့ တောင်းဆိုပြီးတော့ တရုတ်အစိုးရကို ပေးတဲ့ အိပ်ဖွင့်ပေးစာ လက်မှတ်ရေးထိုးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုတော့ အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးတာတွေကို လူ့အခွင့်အရေး နှစ်ပတ်လည်နေ့မရောက်ခင် ရက်တွေကပဲ ပြုလုပ်ခဲ့ပါသေးတယ်။