သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးနေဝင်းရဲ့သမီး ဒေါ်စန္ဒာဝင်း နေအိမ်အကျယ်ချုပ်က ပြန်လွတ်


၂၀၀၂ ခုနှစ်က အာဏာသိမ်းဖို့ ကြိုးစားမှုမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံထားရတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ သမီး ဒေါ်စန္ဒာဝင်းကို စစ်အစိုးရ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒေါ်စန္ဒာဝင်းရဲ့ ခင်ပွန်းဖြစ်သူ ဦးအေးဇော်ဝင်းနဲ့ သား သုံးယောက်ဟာ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်ဆိုပြီး ဆိုင်းငံ့သေဒဏ်တွေ စီရင်ခံရပြီး အင်းစိန်ထောင်ထဲမှာ အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချ၊ စစ်တပ်နဲ့ အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်းဟာ အရှေ့တောင် အာရှနိုင်ငံတွေထဲက အချမ်းသာဆုံး မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခုဖြစ်အောင် လုပ်ဆောင်သွားသူ ဖြစ်ပါတယ်။ လက်ရှိ စစ်အစိုးရကလည်း ဦးနေဝင်းဆီကနေ အမွေဆက်ခံထားတဲ့ အစိုးရဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG