သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ခရီးစဉ်အတွင်း သမ္မတဘုရှ် ဖိနပ်နဲ့အပေါက်ခံရ


အီရတ်သတင်းထောက်တဦးက အမေရိကန်
သမ္မတ ဂျော့ချ်ဘုရှ် (George Bush) ကို ဖိနပ်နဲ့
ဘဂ္ဂဒက်မြို့မှာ တနင်္ဂနွေနေ့က ပစ်ပေါက်လိုက်ပါ
တယ်။ အမေရိကန်တပ်တွေနဲ့ အီရတ်
ခေါင်းဆောင်တွေကို နောက်ဆုံးနှုတ်ဆက်ဖို့
ဘဂ္ဂဒက်မြို့ကို မကြေညာဘဲ ထွက်ခဲ့တဲ့ခရီးမှာ
အဲဒီလို ဖြစ်ခဲ့တာပါ။

အီရတ်နိုင်ငံခေါင်းဆောင် မစ္စတာမာလီကီ
(Mr. Maliki) နဲ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
အီရတ်ရုပ်မြင်သံကြား သတင်းထောက် မွန်တာဇာ
အယ်လ်-ဇေဒီ (Montazar al-Zaydi) က သမ္မတ
ဘုရှ်ကို အာရပ်ဘာသာစကားနဲ့ ခွေးလို့ ခေါ်ဆိုခဲ့ပြီး သမ္မတဘုရှ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့
ပါတယ်။ ဖိနပ်က သီသီလေးလွဲသွားခဲ့ပြီး လုံခြုံရေးအရာရှိတွေက သတင်းထောက်ကို
အခန်းထဲက ဆွဲထုတ်သွားခဲ့ရပါတယ်။ အာရပ်ယဉ်ကျေးမှုမှာ ဖိနပ်ဟာ စော်ကားတာ
ဖြစ်ပါတယ်။

မစ္စတာဘုရှ်ကတော့ သူ့ကိုခြိမ်းခြောက်တယ်လို့ မခံစားရပါဘူးလို့ ပြောဆိုရင်း အဲဒီ
အဖြစ်အပျက်ကို ရယ်စရာလုပ်ပစ်လိုက်ပါတယ်။

"ဒီမှာရှိကြတဲ့ သတင်းစာဆရာတွေက တော်တော်ကြီး အားတုံ့အားနာ ဖြစ်နေကြပါ
တယ်။ ဒီအဖြစ်အပျက်က အီရတ်ပြည်သူတွေကို ကိုယ်စားမပြုပါဘူးလို့ သူတို့က
ပြောကြပါတယ်။ ဒါက လွတ်လပ်တဲ့ လူ့အဖွဲအစည်းမှာ ဖြစ်တတ်တာပါ။ အဲသလို
လူ့အဖွဲ့အစည်းမှာက သူတို့ကိုယ်သူတို့ အာရုံစိုက်ခံရအောင် လူတွေက လုပ်တတ်ကြ
တယ်လေ။" လို့ ဘုရှ်က ပြောသွားပါတယ်။

အမေရိကန်နဲ့အီရတ် လုံခြုံရေးသဘောတူညီချက် အသစ်တရပ်နဲ့ ပတ်သက်ပြီး အီရတ်
ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီကီနဲ့ သမ္မတဘုရှ်က ပူးတွဲကြေညာချက်တရပ်ကို ဒီကနေ့
တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

တင်းတင်းကျပ်ကျပ်ချထားတဲ့ လုံခြုံရေးအောက်မှာ အီရတ်မြို့တော်ကို မစ္စတာဘုရှ်
တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။ အီရတ်သမ္မတ ဂျလာ တာလာဘာနီ (Jalal
Talabani) နဲ့ တွေ့ခဲ့သလို တပိုင်းတစ ကိုယ်ပိုင်အုပ်ချုပ်ရေးရ ကာဒ့်ဒေသသမ္မတ
မတ်စ်ဆွတ်ဒ် ဘာဇာနီ (Massud Barzani) နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG