ထိုင်း-မြန်မာနယ်စပ်အနီး
ကားမှောက်လို့ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ဖို့
လာရောက်ကြတဲ့ မြန်မာ ၇
ယောက် သေဆုံးသွားကြောင်း ထိုင်းရဲကပြောပါတယ်။
မြန်မာ
၁၇ ယောက်ကို ပြွတ်သိပ်တင်ဆောင်လာတဲ့ ပစ်ကပ်ကားငယ် အရှိန်ပြင်းပြင်းနဲ့
မောင်းလာတာ
နယ်စပ် စစ်ဆေးရေးဂိတ်အနီးမှာ မထိန်းနိုင်ဘဲ မှောက်သွားလို့
ထိုင်းယာဉ်မောင်းနဲ့
မြန်မာ ၇ ယောက် ပွဲချင်းပြီးသေဆုံးတယ်၊ ဒဏ်ရာရတဲ့ မြန်မာ
၁၀ ယောက်ကိုတော့
ကန်ချနဘူရီဆေးရုံကို တင်ထားရပြီး အဲဒီထဲက ၃ ယောက်က
ဒဏ်ရာပြင်းထန်တယ်လို့
သတင်းရရှိပါတယ်။
ထိုင်းနိုင်ငံမှာ
တရားဝင် မှတ်ပုံတင်ပြီး နိုင်ငံခြားက လာရောက်အလုပ်လုပ်နေကြသူ
အလုပ်သမား ၅၀၀,၀၀၀
လောက်ရှိပြီး အများစုက မြန်မာနိုင်ငံကဖြစ်တယ်လို့
ထိုင်းအစိုးရက ဆိုပါတယ်။
စာရွက်စာတမ်းမရှိဘဲ
တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားက
၁,၀၀၀,၀၀၀ ကျော်နေတယ်လို့
ခန့်မှန်းထားပါတယ်။
အအေးခန်းထဲ စုပြုံပြွတ်သိပ် ခိုးသွင်းတင်ဆောင်လာတာ လူ ၅၄ ယောက်
အသက်ရှူလို့မရဘဲ မွန်းကြပ်သေဆုံးခဲ့ရဖူးပါတယ်။