အာဖဂန်နစ္စတန်မှာ
ရောက်ရှိနေတဲ့ အမေရိ
ကန်သမ္မတ ဘုရှ်က အာဖဂန်သမ္မတ ဟာမစ်
ကာဇိုင်း (Hamid Karzai) နဲ့
မြို့တော်ကဘူးမှာ
တွေ့ဆုံချိန် အာဖဂန်မှာ လုံခြုံရေးဆိုင်ရာ
ကြိုးပမ်းဆောင်ရွက်ချက်တွေကို ဆက်ပြီး
လုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
အသစ်တက်လာမယ့်
အမေရိကန်အစိုးရအဖွဲ့
အနေနဲ့လည်း အာဖဂန်မှာရှိနေတဲ့ တာလီဘန်
စစ်သွေးကြွတွေကို
ဆက်ပြီး နှိမ်နင်းလိမ့်မယ်
လို့ သူယုံကြည်တဲ့အကြောင်း မစ္စတာဘုရှ်က
အာဖဂန်သမ္မတ ဟာမစ်
ကာဇိုင်းကို ဒီနေ့
ပြောဆိုခဲ့ပါတယ်။
ဇန်နဝါရီလကြရင်
သမ္မတတာဝန်ကို တရားဝင်လွှဲပြောင်းယူတော့မယ့် ဘရက်ခ်
အိုဘားမား (Barack Obama) ကလည်း အာဖဂန်မှာ
အမေရိကန်တပ်ဖွဲ့တွေ တိုးမြှင့်ဖို့
ကတိပေးခဲ့ပါတယ်။ သမ္မတဘုရှ်နဲ့ အာဖဂန်သမ္မတတို့
တွေ့ဆုံပြီး အာဖဂန်သမ္မတ
ဟာမစ် ကာဇိုင်းက သူ့နိုင်ငံအတွင်း တရားမဝင် မူးယစ်ဆေးဝါး
ကူးသန်းရောင်းဝယ်မှု
တွေကို နှိမ်နင်းရာမှာနဲ့ အာဖဂန် ပြန်လည်ထူထောင်ရေးအတွက်
သမ္မတဘုရှ်ရဲ့
ကြိုးပမ်းမှုတွေအတွက် ဂါဇီ အာမီယာ အမန်နူလာခန်း အင်ဆစ်ဂ်နီးယား (Ghazi
Amir
Amanullah Khan Insignia) ဆုကို ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။
သမ္မတဘုရှ်ဟာ
သူ့သမ္မတတာဝန် ထမ်းဆောင်နေတဲ့သက်တမ်း မကုန်ခင်မှာ အီရတ်
မှာရှိတဲ့
အမေရိကန်တပ်ဖွဲ့တွေနဲ့ အစိုးရအရာရှိတွေကို နှုတ်ဆက်ဖို့အတွက် တနဂ်နွေ
နေ့တုန်းက
အီရတ်ကို သွားရောက်ခဲ့ပြီးနောက် အခု အာဖဂန်နိုင်ငံမှာ ရောက်ရှိနေတာ
ဖြစ်ပါတယ်။
အီရတ်ဝန်ကြီးချုပ်
နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) နဲ့အတူ ဘဂ္ဂဒက်မှာပြုလုပ်
တဲ့
သတင်းစာရှင်းလင်းပွဲအတွင်း အီရတ်ရုပ်မြင်သံကြား သတင်းထောက်တယောက်က
သမ္မတဘုရှ်ကို
ခွေးလို့ခေါ်ပြီး သူ့ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဖိနပ်ကတော့ သမ္မတကို
မထိဘဲ
ခေါင်းပေါ်က ကျော်သွားခဲ့ပါတယ်။
ယူထားတဲ့ အရာရှိတွေက အဲဒီသတင်းထောက်ကို အခန်းပြင် ဆွဲထုတ်ခဲ့ပါတယ်။ အဲဒီလို
ဖြစ်ပြီးနောက်ပိုင်း သမ္မတဘုရှ်က သူခြိမ်းခြောက်ခံခဲ့ရတယ်လို့ မခံစားမိတဲ့အကြောင်း
နောက်ပြောင်ပြောခဲ့ပါတယ်။