အမေရိကန်သမ္မတ
ဂျော့ချ်ဘုရှ် (George Bush) ဟာ ကြိုတင်ကြေညာမထားဘဲ
အာဖဂန်နစ္စတန်နဲ့ အီရတ်တို့ကို
သွားရောက်ခဲ့ပြီးနောက် အခု ဝါရှင်တန်မြို့တော်ကို
ပြန်ရောက်လာပါပြီ။
သမ္မတလိုက်ပါလာတဲ့လေယာဉ်ဟာ ဝါရှင်တန်အပြင်ဘက်က
အန်ဒရူးလေဆိပ် အခြေစိုက်စခန်းကို
တနင်္လာနေ့ မွန်းလွဲပိုင်းက ပြန်ဆိုက်ရောက်လာ
ခဲ့တာ ဖြစ်ပါတယ်။
သမ္မတဘုရှ်
တနင်္လာနေ့ အစောပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက်တုန်းက
တာလီဘန်တွေကို
နှိမ်နင်းဖို့ အမေရိကန်ပြည်ထောင်စုက နောက်မဆုတ်တန်း ဆက်ပြီး
လုပ်ဆောင်နေဆဲပါပဲလို့
ပြောသွားခဲ့ပြီး နိုင်ငံပြန်တည်ငြိမ်မှုရဖို့ကတော့ အချိန်ပေးရ
လိမ့်မယ်လို့
သတိပေးသွားပါတယ်။
ကဘူးမြို့တော်မှာ
အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) နဲ့ တွေ့ဆုံဆွေးနွေး
မှုမလုပ်ခင် သမ္မတဘုရှ်က
စစ်အခြေစိုက်စခန်းမှာ အမေရိကန်တပ်သားတွေကိုလည်း
မိန့်ခွန်းပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့
တာလီဘန်သူပုန်ထမှုတွေကို အမေရိကန်အစိုးရ အဖွဲ့သစ်က
လည်း
ဆက်ပြီးနှိမ်နင်းသွားမယ်ဆိုတာ စိတ်ချထားပါလို့ သမ္မတဘုရှ်က မစ္စတာကာဇိုင်း
ကို
ပြောသွားပါသေးတယ်။
Obama) ကလည်း သူ ဇန်နဝါရီမှာ သမ္မတတာဝန်တွေ စယူပြီးသွားရင် အာဖဂန်မှာ
ထားရှိတဲ့ အမေရိကန်တပ်အင်အားကို တိုးမြှင့်မယ်လို့ ပြောကြားခဲ့တာ ရှိပါတယ်။