ကမ္ဘာ့
၁၀၂ နိုင်ငံက သတင်းစာတိုက်ကြီး ၁၈,၀၀၀ ကျော်ပါဝင်တဲ့အဖွဲ့က မြန်မာပြည်
မှာ သတင်းသမားတွေ၊ လွတ်လပ်စွာ သဘောထားထုတ်ဖော်ခွင့် လှုံ့ဆော်သူတွေကို
ထောင်ချနေတာ
ရပ်ပါလို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့သတင်းစာတိုက်ကြီးများအသင်း
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ တနင်္လာနေ့က
စည်းဝေးပွဲလုပ်ပြီး ထုတ်ပြန်လိုက်တဲ့
ကြေညာချက်ထဲမှာ မြန်မာပြည်မှာ စစ်အစိုးရ
ကျင့်သုံးနေတဲ့ ဝါဒလမ်းစဉ်တွေဟာ ကမ္ဘာပေါ်မှာ
အဖိနှိပ်ဆုံး၊ အနှိပ်ကွပ်ဆုံးတွေထဲမှာ
ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်အစိုးရအနေနဲ့
နိုင်ငံတကာ သဘောထား လွတ်လပ်ခွင့်၊ ဖော်ထုတ်ခွင့် စံနှုန်းများ
ကျင့်သုံးလာရေး
ဝိုင်းဝန်းဖိအားပေးကြပါလို့လည်း မြန်မာ့အိမ်နီးနားချင်း
အရှေ့တောင်
အာရှနိုင်ငံများကို ကမ္ဘာ့သတင်းစာတိုက်ကြီးများအသင်းက
တိုက်တွန်းလိုက်ပါတယ်။
မြန်မာပြည်မှာ
ထောင်သွင်းအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော်
ထဲမှာ သတင်းသမားတွေ၊
လွတ်လပ်စွာ သဘောထားဖော်ထုတ်ခွင့် လှုံ့ဆော်သူတွေ
ပါဝင်ကြတယ်လို့လည်း ကြေညာချက်ထဲမှာ
ထောက်ပြထားပါတယ်။
ဓာတ်ပုံရိုက်ခဲ့လို့ အမျိုးသမီးသတင်းထောက် အိမ့်ခိုင်ဦး မကြာသေးခင်ကပဲ
ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပါတယ်။