သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း မြန်မာနိုင်ငံသွားဖို့ အစီအစဉ်မရှိသေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) မြန်မာနိုင်ငံကို ဒီဇင်ဘာလ
အတွင်းမှာ သွားရောက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့
ပုံမှန် မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး
မစ်ရှဲလ် မွန်းတာ့စ် (Michele Montas) က ချက်ချင်းလက်ငင်းသွားဖို့ အစီအစဉ် မရှိ
သေးဘူးလို့ ပြောလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါ
တယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ဇွန်လအတွင်း နာဂစ်မုန်တိုင်း
သင့်ဒေသ ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေတွေကို ကိုယ်တိုင်သွားပြီး လေ့လာခဲ့
တုန်းက လူမှုရေးသက်သက်ဖြစ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင်
တခြားနိုင်ငံရေးကိစ္စတွေကို ဆွေးနွေးဖို့ သူ နောက်တခေါက် မြန်မာနိုင်ငံကိုသွားဖို့
စီစဉ်မယ်၊ ဒီဇင်ဘာလအတွင်း ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် သူတကယ်
ပဲ သွားဖြစ်တော့မှာလား ဆိုတာနဲ့ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်း
ပွဲမှာ သတင်းထောက်တွေက မေးခဲ့ကြရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေး
ဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတာ့စ်က အခုလိုဖြေကြားခဲ့ပါတယ်။

"နောက်ဆုံးအကြိမ် သူပြောခဲ့တာ ခပ်ရှင်းရှင်းပါပဲ။ သူ အခြေအနေကို စောင့်ကြည့်
နေဆဲပါပဲ။ သူ မသွားခင် အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ အထမြောက်တယ်၊
မမြောက်ဘူးဆိုတာကို အရင်သိဖို့လိုပါတယ်။ တိုးတက်မှုတစုံတရာ လက်ဆုပ်လက်ကိုင်
ပြနိုင်တယ်ဆိုတဲ့ အရိပ်လက္ခဏာ ပြနိုင်မှသာ သူ့ရဲ့ခရီးစဉ်က အဓိပ္ပာယ်ရှိမှာပါ။"

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာစစ်အစိုးရ၊ နေအိမ်
အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊
တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအကြား ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ကိုယ်စား ကြားဝင်စေ့စပ်ပေးနေရတဲ့ အထူးအကြံပေး
ပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ရော မြန်မာနိုင်ငံကို
သွားဖို့ အစီအစဉ်ရှိပါသလားလို့ သတင်းထောက်တွေက မေးမြန်းကြရာမှာ မစ်ရှဲလ်
မွန်းတာ့စ်က …

"မစ္စတာဂမ်ဘာရီတယောက် ဒေသတွင်းက မြန်မာ့အရေးမှာ အရေးပါတဲ့ နိုင်ငံတွေက
ပုဂ္ဂိုလ်တွေနဲ့ အမြဲမပြတ် အဆက်အသွယ်လုပ်နေပြီး အခြေအနေကို မျက်ခြည်မပြတ်
စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ချက်ချင်းလက်ငင်းတော့ မြန်မာနိုင်ငံကိုသွားဖို့
အစီအစဉ်မရှိသေးဘူး" လို့ ဖြေကြားသွားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံတကာက ဝိုင်းပြီးတိုက်တွန်း
နေတဲ့ကြားကပဲ မြန်မာစစ်အစိုးရက ဒီမိုကရေစီရေး အင်အားစုတွေကို မတရားဖမ်းဆီး၊
နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးနေကြတာကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းအနေနဲ့ ကိုယ်တိုင်သွားပြီး မြန်မာပြည်တွင်းအခြေအနေ တိုးတက်မှုရှိအောင်
မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းပါလို့ တောင်းဆိုနေကြပါတယ်။

အဲဒီလိုတောင်းဆိုနေကြတဲ့အထဲမှာ အာရှနိုင်ငံက ဥပဒေပြုလွှတ်တော်အမတ် ၂၄၀၊
ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟောင်း ၁၁၂ ယောက်နဲ့ အီးယူ ဥရောပသမဂ္ဂ မြန်မာနိုင်ငံ
ဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့လည်း ပါဝင်ကြ
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG