အမေရိကန်ဗဟိုဘဏ်က
တိုင်းပြည်ရဲ့စီးပွားရေးကို ဆုတ်ယုတ်မှုကပ်ကြီးထဲ
နက်သထက် နက်ဝင်နေတဲ့ အခြေအနေကနေ
ဆွဲထုတ်နိုင်ဖို့အတွက် မနေ့က ဗဟို
ဘဏ် အတိုးနှုန်းကို ၁% ရဲ့ လေးပုံသုံးပုံ
လျှော့ချခဲ့ပါတယ်။ ဗဟိုဘဏ်တိုးနှုန်းဟာ
အခုဆိုရင် ၀ ကနေ ၀.၅% လောက်ပဲ
ကျန်တော့တာမို့ အမေရိကန်သမိုင်းမှာ စံချိန်
ချိုးလောက်အောင် အနိမ့်ဆုံးအဆင့်ကို
ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဗဟိုဘဏ်တိုးနှုန်းကို
ဘာလို့လျှော့ချလိုက်ရသလဲ ဆိုတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က
တာဝန်ရှိသူတွေက ရှင်းပြရာမှာ
တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုအတွက် တွန်းအား
တွေဖြစ်စေတဲ့ စားသုံးသူတို့
ဝယ်ယူသုံးစွဲနိုင်မှု၊ စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီး
မြှုပ်နှံမှုနဲ့
စက်မှုလက်မှု ကုန်ထုတ်လုပ်မှု စတာတွေ ကျဆင်းလာတာကြောင့်ဖြစ်တယ်
လို့ ဆိုပါတယ်။
ဒါ့အပြင်
စားသုံးသူနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ငွေတွေကို ပိုပြီး သက်သက်
သာသာ
ချေးယူနိုင်ဖို့အပြင် ကုမ္ပဏီတွေအတွက်လည်း လုပ်ငန်းတွေတိုးချဲ့ပြီး အလုပ်
သမားဝန်ထမ်းတွေ
ပိုပြီးငှားနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
စနစ်တွေ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့အတွက် စီးပွားရေးယန္တရားကြီးထဲမှာ ငွေလည်ပတ်မှု
ပိုမိုများပြားလာအောင် ဆက်ပြီးဖန်တီးသွားမှာ ဖြစ်တယ်လို့လည်း ဗဟိုဘဏ်အကြီး
အကဲတွေက ပြောခဲ့ပါတယ်။