သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နှစ် စီးပွားရေး အခက်အခဲ ကြုံရနိုင်ခြေ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ သတိပေး


ကမ္ဘာအနှံ့ စီးပွားရေးကျဆင်းမှုတွေ ကြုံတွေ့နေ
တာကို တုံ့ပြန်ကြရာမှာ ကိုယ်ကျိုးစီးပွားကြည့်ပြီး
အကာအကွယ်လုပ်တာမျိုးတွေ ရှောင်ကြဖို့ ကမ္ဘာ့
ဘဏ်ဥက္ကဋ္ဌ ရောဘတ် ဇိုးလတ် (Robert Zoellick)
က နိုင်ငံအစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။

အစိုးရတွေအနေနဲ့ ဒီကမ္ဘာ့စီးပွားရေးကြီးကို
နောက်နှစ်မှာ ပြန်ကောင်းလာအောင် ဘယ်လို
လုပ်မယ်ဆိုတာမျိုး မူဝါဒတွေ ချမှတ်သင့်တယ်လို့
မစ္စတာဇိုးလတ်က စင်ကာပူမှာ သတင်းထောက်
တွေကို ဒီကနေ့ ပြောသွားတာပါ။ ၂၀၀၉ ခုနှစ်ရဲ့
ပထမနှစ်ဝက်ပိုင်းအတွင်း စီးပွားရေးဖွံ့ဖြိုးမှုဟာ တကမ္ဘာလုံးရဲ့ ပြဿနာ အထူးသဖြင့်
အာရှနိုင်ငံတွေရဲ့ ပြဿနာ ဖြစ်လာလိမ့်မယ်လို့ မစ္စတာဇိုးလတ်က ထောက်ပြပြောခဲ့
ပါတယ်။

ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်တဲ့ ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်ကြီးရဲ့ အစီရင်ခံစာမှာ
လည်း လာမယ့် ၂၀၀၉ ခုနှစ်အတွင်း အရှေ့အာရှ စီးပွားရေးဖွံ့ဖြိုးမှုဟာ ၅% ကျော်
ကျော်လောက်အထိ နှေးကွေးသွားနိုင်တယ်လို့ တွက်ကိန်းထုတ်ထားပါတယ်။ နှိုင်းယှဉ်
ချက်အရတော့ အခုနှစ်အတွင်းမှာ ဒီဒေသစီးပွားရေးဖွံ့ဖြိုးမှုကို ၇% ခန့်မှန်းထားပါ
တယ်။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြည်ပပို့ကုန် ကျဆင်းတာတွေကြောင့် အရှေ့အာရှ စီးပွား
ရေးဟာ အားနည်းသွားလိမ့်မယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက တရုတ်ခေါင်းဆောင်တွေနဲ့ သူတွေ့ဆုံတဲ့အခါမှာ တရုတ်မှာ
ပြည်ပထုတ်ကုန်တွေ သိသိသာသာ ကျဆင်းသွားတာကြောင့် တုန်လှုပ်မိတယ်လို့
တရုတ်ခေါင်းဆောင်တွေက ပြောတဲ့အကြောင်းလည်း မစ္စတာဇိုးလတ်က ကိုးကား
ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG