တရုတ်နိုင်ငံဟာ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေ လုပ်ကိုင်ခဲ့ပြီး အစီအစဉ်သစ်တွေ
စတင်ဖွင့်လှစ်ခဲ့တဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပနေပါတယ်။ ဒီလို
ပြုပြင်ပြောင်းလဲရေးတွေကြောင့်
တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ကြီးထွားလာအောင်
အထောက်အကူပြုခဲ့တယ်လို့ ချီးကျူးပြောဆိုနေကြပါတယ်။
တရုတ်နိုင်ငံ ခေါင်းဆောင်
တွေက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ ကတိတွေပေး
ပြောဆိုနေ
ကြတဲ့ တချိန်တည်းမှာ နိုင်ငံအတွင်းမှာ အရေးကြီးတဲ့ လူမှုရေး တည်ငြိမ်မှုအတွက်
လည်း
ဦးစားပေးပြီး အလေးအနက်ထား ဆောင်ရွက်နေတာတွေ တွေ့နေရပါတယ်။
ဘေဂျင်းကနေ စတက်ဖနီ ဟိုး
(Stephanie Ho) သတင်းပေးပို့ထားတာကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ချမ်းသာကြွယ်ဝမှုဟာ ကြီးမြတ်မှုဖြစ်တယ်လို့ ပြောဆိုခဲ့သူက ကွယ်လွန်သူ တရုတ်
သမ္မဟောင်း
တိန့်ရှောင်ဖိန် ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ် သမ္မတဟောင်း တိန့်ရှောင်ဖိန်ရဲ့
စီးပွားရေး
ပြုပြင်ပြောင်းလဲမှုတွေက တရုတ်နိုင်ငံကို စီးပွားရေးအရှိန်အဟုန်နဲ့ ဖွံ့ဖြိုး
တိုးတက်အောင်၊
ချမ်းသာကြွယ်ဝအောင် လမ်းကြောင်းပေါ် တွန်းတင်ပေးနိုင်ခဲ့ပါတယ်။
ဒီပြုပြင်ပြောင်းလဲမှုတွေကို
ဒီနေ့ နှစ် ၃၀ ပြည့်မှာ တရုတ်သမ္မတ ဟူဂျင်းတောင်
(Hu Jintao) က ချီးကျူးပြီး ဒီလို တိန့်ရှောင်ဖိန်ရဲ့
စိတ်ဓာတ်နဲ့ သဘောထားကို အတုယူ
ဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။
"တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ လမ်းဖွင့်
ပေးခဲ့တာတွေအတိုင်း ဒီလမ်းကြောင်းပေါ်မှာ
အောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်မယ်
လို့ မျှော်လင့်တဲ့အကြောင်း" လက်ရှိသမ္မတ
ဟူဂျင်းတောင်က
ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စကို တရုတ်အစိုးရ
က အဓိက ဦးတည်ဆောင်ရွက်သွားမယ်လို့
တရုတ်သမ္မတ ဟူဂျင်းတောင်က ပြောဆိုသွားတာ
ပါ။ ဒီလို ဖွံ့ဖြိုးတိုးတက်မှုက တိုင်းပြည်ကို
ပြန်ပြီး
အားကောင်းလာအောင်၊ နိုးကြားလာအောင်
အဓိကဖြည့်ဆည်းပေးမယ့် အချက်ဖြစ်တယ်လို့
လည်း
သူက ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည် ဆက်ပြီး ချမ်းသာကြွယ်ဝဖို့၊ တည်ငြိမ်ဖို့အတွက်
အဓိက အရေးအကြီးဆုံးအချက်က စီးပွားရေးဖွံ့ဖြိုးမှုပဲလို့လည်း ထည့်သွင်းပြောဆို
သွားပါတယ်။
ဒီလိုပြောဆိုတဲ့ တချိန်တည်းမှာပဲ တရုတ်ပြည်ရဲ့ ဈေးကွက်ဆိုင်ရာ ပြုပြင်မှုတွေမှာ
နိုင်ငံတော်အစိုးရအနေနဲ့ အဓိကအခန်းကဏ္ဍက ချုပ်ကိုင်ဆောင်ရွက်မယ်ဆိုတဲ့
သဘောမျိုးကိုလည်း
သမ္မတ ဟူဂျင်းတောင်က ရည်ညွှန်းပြောဆိုသွားပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ အရင်က အမှုထမ်းခဲ့တဲ့ အစိုးရအရာရှိတွေ၊
လက်ရှိ အစိုးရအရာရှိတွေ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေရဲ့ နှစ် ၃၀ ပြည့် အခါ
သမယဖြစ်တဲ့
ဒီနေ့အခမ်းအနား ကျင်းပပြီး ခန်းမဆောင်အပြည့် တက်ရောက်ခဲ့ပါ
တယ်။ ဒီအခမ်းအနားမှာ တရုတ်သမ္မတ
ဟူဂျင်းတောင် မိန့်ခွန်းပြောကြားခဲ့တာ
ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေး နိမ့်ကျဆုတ်ယုတ်မှုတွေကို တရုတ်အစိုးရက တည်တည်ငြိမ်ငြိမ်
ရင်ဆိုင်နိုင်အောင်
ကြိုးစားခဲ့တဲ့ လုပ်ရပ်ကတော့ တရုတ်နိုင်ငံအတွင်း မျှတတဲ့ ညီတူ
ညီမျှ လူ့အဖွဲ့အစည်းတွေ
ပေါ်ပေါက်လာအောင် ပေးထားတဲ့ ကတိကဝတ်တွေနဲ့အညီ
ထပ်ပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သမ္မတ
ဟူဂျင်းတောင်က ပြောပါတယ်။ လူမှုရေး
တည်ငြိမ်မှု အရေးကြီးတယ်ဆိုတာကို သူက မိန့်ခွန်းမှာ
အလေးအနက် ထည့်သွင်းပါ
တယ်။ တရုတ်နိုင်ငံအတွင်း ပြည်ပပို့ကုန် အလုပ်ရုံတွေ ပိတ်ပစ်လိုက်ရတဲ့အချိန်၊
အလုပ်လက်မဲ့ဦးရေ များလာနေတဲ့အချိန်မှာ လူမှုရေးတည်ငြိမ်မှုက တရုတ်ပြည်
အတွက် အဓိကကိုင်တွယ်ရမယ့်
အရေးကြီးတဲ့ အကြောင်းအရာတခု ဖြစ်လာနေပါ
တယ်။
နိုင်ငံရေးအရတော့ ရှေ့အများမြင်ကွင်း မျက်နှာစာမှာ တရုတ်အစိုးရ အရာရှိတွေအနေ
နဲ့
နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဖို့ တရုတ်
ခေါင်းဆောင်တွေက
မှာကြားနေပါတယ်။ ဒါပေမယ့်လည်း အနောက်နိုင်ငံတွေက
ပုံစံမျိုး ဒီမိုကရေစီ၊ လွတ်လပ်ခွင့်
အတွေးအခေါ် အယူအဆမျိုးတွေကိုတော့ ဘယ်လို
ပုံစံမျိုးကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ငြင်းဆိုသွားပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံရေးယဉ်ကျေးမှုတွေရဲ့ အသီးအပွင့်တွေကို ခံစားနိုင်အောင်
လုပ်ဆောင်ရမယ်လို့ သမ္မတ ဟူဂျင်းတောင်က သုံးနှုံးပြောဆိုပါတယ်။ အနောက်နိုင်ငံ
တွေရဲ့ ပုံစံတွေကို
ဘယ်တော့မှ ပုံတူကူးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီလိုပြောဆိုတာကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျူဂျန်းချော့
(Liu Jianchao) ကလည်း ထပ်ပြီး အလားတူ ပြောဆိုပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ
အထိန်းသိမ်းခံနေရတဲ့
တရုတ် အတိုက်အခံခေါင်းဆောင် ဟူဂျီးယာ (Hu Jia) ကို
ဥရောပပါလီမန်က လူ့အခွင့်အရေးဆိုင်ရာ
အမြင့်ဆုံးဆု ချီးမြှင့်လိုက်တာနဲ့ပတ်သက်ပြီး
တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို အခုလို
ပြောဆိုပါတယ်။
"ဒီနေ့ တရုတ်နိုင်ငံရဲ့လမ်းကြောင်းကို တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်သွင်ပြင်
လက္ခဏာတွေနဲ့
ဆိုရှယ်လစ်စနစ်လို့ သူက ပြောဆိုပြီး ဒီလမ်းကြောင်းပေါ်မှာ တရုတ်နိုင်ငံအနေနဲ့
ဆက်ပြီးလျှောက်သွားမယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
ဟူဂျီးယာက
ပြောသွားတာပါ။
ဒီအတောအတွင်း တရုတ်နိုင်ငံဟာ ၂၀၀၈ ခုနှစ် ကြေညာစာတမ်းဆိုပြီး လူ့အခွင့်အရေး
လှုပ်ရှားသူ ၃၀၀ လောက်က တရုတ်နိုင်ငံအတွင်း တရားရေးစနစ်နဲ့ ဒီမိုကရေစီ ပြုပြင်
ပြောင်းလဲမှုတွေကို
လက်မှတ်ရေးထိုး တောင်းဆိုနေကြပါတယ်။ ဒီလိုတောင်းဆိုနေသူ
တွေကို တရုတ်အာဏာပိုင်တွေက အပြင်းအထန်
အရေးယူနေပါတယ်။
ယူ အပြစ်ပေးတာတွေလည်း အလုပ်ခံခဲ့ရပါတယ်။ ထင်ရှားတဲ့သူတွေကိုတော့ တပတ်
ကျော်ကြာတဲ့အထိ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ထင်ရှား
တဲ့ အတိုက်အခံခေါင်းဆောင် လျူ ဇိုင်အိုဘို (Liu Ziaobo) ကတော့ အခုအချိန်အထိ
အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။