သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ၃၀ ဂျပန်နိုင်ငံ လက်ခံမည်ဟု ကြေညာ


ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်နေတဲ့ မြန်မာဒုက္ခသည် ၃၀ ကို ဂျပန်နိုင်ငံက ခေါ်ယူမယ်
လို့ ပြောပါတယ်။ ဧပြီလမှာစတင်မယ့် ၂၀၁၀ ဘဏ္ဍာနှစ်အတွင်း ဒီဒုက္ခသည်တွေကို
ခေါ်ယူမယ်လို့ ဂျပန်အစိုးရက ကြာသပတေးနေ့ကပဲ ကြေညာသွားပါတယ်။

ခေါ်ယူဖို့ဒုက္ခသည်တွေကိုတော့ မရွေးချယ်ရသေးဘဲ သူတို့ ဂျပန်ကိုရောက်ရင် ဘာသာ
စကားနဲ့ အသက်မွေးဝမ်းကြောင်းမှု ပညာရပ်တွေ သင်ပေးမှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် တာရို အာဇို (Taro Aso) က ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာ
မင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) နဲ့ တိုကျိုမှာ မနေ့က တွေ့ဆုံခဲ့ပါ
တယ်။

အတည်တကျ အခြေချနေထိုင်လို့မရမယ့် မိခင်ရင်း ပဋိပက္ခနိုင်ငံတွေက ထွက်ခွာလာ
ကြသူတွေကို ခေါ်ယူပြီး အခြေချနေထိုင်ခွင့်ပြုဖို့ ကုလသမဂ္ဂ ဒုက္ခသည်ရုံးက တတိယ
နိုင်ငံတွေကို ဖိအားပေးနေတာ ဖြစ်ပါတယ်။

ဒီအစဉ်အစဉ်အရ ဂျပန်ဟာ ဒုက္ခသည်တွေကို လက်ခံတဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်ပါ
လိမ့်မယ်။

ဒီလို ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ တတိယနိုင်ငံမှာ အခြေချနေထိုင်တဲ့ အစီအစဉ်မှာ
အမေရိကန်ပြည်ထောင်စုလည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG