သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားကုမ္ပဏီကြီးတွေ ကယ်တင်ရေး အစီအစဉ် သမ္မတဘုရှ် ကြေညာ



ဒေဝါလီခံရနီးနီး ဖြစ်နေတဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းတွေ ကို အမေရိကန် အစိုးရက ဘယ်လိုကယ်တင်မယ် ဆိုတာ သမ္မတဘုရှ် က ဒီကနေ့ ရုပ်မြင်သံကြား က တဆင့် တိုင်းပြည် ကို ကြေညာပါတယ်။ အစိုးရ က ဒေါ်လာ သန်းပေါင်း ၁၃,၄၀၀ ကို ချက်ချင်းထုတ်ချေးမှာဖြစ်ပြီး၊ နောက်ထပ် ဒေါ်လာ သန်း ၄၀၀ ကို နောက်ပိုင်းမှာ ဆက်လက်ချေးမှာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဘုရှ် က အခုလို ပြောခဲ့ပါတယ်။

တကယ်လို့ မော်တော်ကား ကုမ္မဏီကြီးတွေအနေနဲ့ လာမယ့် မတ်လ ၃၁ ရက်နေ့ မတိုင်ခင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆိုပြုချက်တွေ မတင်ပြ နိုင်ဘူးဆိုရင် အစိုးရက ထောက်ပံ့ထားတဲ့ အရေးပေါ် ချေးငွေကို ပြန်ပေးရပါလိမ့်မယ်။ ကားကုမ္ပဏီတွေ၊ သမဂ္ဂတွေအနေနဲ့ ရင်းနှီးထားရတဲ့ အရင်းအနှီးကို နားလည်ဖို့ လိုပါတယ်။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ခက်ခက်ခဲခဲ ဆောင်ရွက်ပါ။ ဒါဟာ အမေရိကန် ကားထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့သူတွေကို ရှေ့မှာလည်း ရှင်းရှင်းလင်းလင်း အသိပေးလိုက်တာပါလို့ ပြောသွားပါတယ်။

General Motors နဲ့ Chrysler ကုမ္ပဏီကြီး ၂ ခု ဟာ ဒေါ်လာ သန်းပေါင်း ၁၄၀၀၀ ချေးငွေရရှိဖို ဘုရှ် အစိုးရ နဲ့ ညှိုနှိုင်းဆွေးနွေးနေခဲ့ကြတာ အထက်လွှတ်တော်မှာ ကယ်တင်ရေး အစီအစဉ် ရှုံးနိမ့်သွားကတည်း က ဖြစ်ပါတယ်။
XS
SM
MD
LG