ပါကစ္စတန်၊
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေထဲမှာ အခြေစိုက်တဲ့ သောင်းကျန်းသူအဖွဲ့အစည်း
တွေက
အိန္ဒိယနိုင်ငံထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာနိုင်ခြေရှိတာကြောင့် အဲဒီနိုင်ငံ
တွေနဲ့
ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ လုံခြုံရေး တိုးမြှင့်ချထားဖို့ အိန္ဒိယအစိုးရအဖွဲ့အတွင်း
ပြောဆို ဆွေးနွေးမှုတွေရှိနေပါတယ်။ ဒီအကြောင်း ဗီအိုအေသတင်းထောက်
Steve Herman
သတင်းပေးပို့ထားတာနဲ့အတူ ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က စုစည်း
တင်ပြပေးထားပါတယ်။
အိန္ဒိယနိုင်ငံထဲမှာ
အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အနောက်ဘင်္ဂလားပြည်နယ်က
တဆင့် စစ်သွေးကြွတွေ
တိုင်းပြည်ထဲကို ဝင်လာနေတယ်ဆိုပြီး အစိုးရထောက်လှမ်းရေးဌာနက
သတင်းရတဲ့အတွက်
နယ်စပ်ဒေသတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတဲ့အကြောင်း အိန္ဒိယ
သတင်းမီဒီယာတွေမှာ ရေးသားနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့
ပါကစ္စတန်နိုင်ငံတွေမှာအခြေစိုက်ပြီး အဲဒီနိုင်ငံတွေက မြို့ပြတွေမှာ အကြမ်း
ဖက်
တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ Harkat ul-Jihad-al-Islami အဖွဲ့က
အနောက်ဘင်္ဂလား
ပြည်နယ်နဲ့ အာသံပြည်နယ်တွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တယ်လို့
ခိုင်မာတဲ့သတင်းရတဲ့
အတွက် လုံခြုံရေးတွေ တိုးမြှင့်ချထားတဲ့အကြောင်း
နယ်စပ်လုံခြုံရေးတပ်ဖွဲ့အကြီးအကဲ
M. L. Kumawat က သတင်းထောက်တွေကို ပြောပါတယ်။
“တိုင်းတပါးကသူတွေ ကျနော်တို့တိုင်းပြည်ထဲ ဝင်လာလို့မရအောင် ကျနော်တို့ရဲ့ လုံခြုံရေးတပ်
ဖွဲ့တွေကို သတိနဲ့နေဖို့ အကြောင်းကြားထားပါတယ်။
နယ်စပ်ဒေသတွေကို စောင့်ကြည့်ဖို့၊ သတိ
ထား နေထိုင်ကြဖို့ တပ်အင်အားတွေတိုးချဲ့ပြီး
အရင်ကနဲ့မတူအောင် အားလုံးကို အကြောင်း
ကြားထားပါတယ်။ ”
ဘင်္ဂလားဒေ့ရှ်နယ်စပ်က
လူဝင်လူထွက်များတာကြောင့် အဲဒီကနေ သောင်းကျန်းသူတွေ စိမ့်
ဝင်လာမှာကို အထူး
စိုးရိမ်ရတယ်လို့ မစ္စတာကူမာဝပ်က အခုလို ဆက်ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့နိုင်ငံအကြားမှာ
ကီလိုမီတာ ၅,၀၀၀ လောက် နယ်နိမိတ်ချင်း ထိစပ်
နေပေမယ့် ခြံစည်းရိုးကာမထားတဲ့နေရာတွေ
အခုချိန်ထိ ရှိနေတုန်းပဲဗျ။ ”
အိန္ဒိယ
ပြည်ထဲရေးဝန်ကြီး ပါလာနီပန် ချီဒမ်ဘာရမ်း (Palaniappan Chidambaram) က
လည်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသတွေမှာ ခြံစည်းရိုးတွေ
အမြန်ဆုံး
ကာဖို့အတွက် အမိန့်ထုတ်ပြန်ထားတဲ့အကြောင်း အိန္ဒိယပါလီမန်ကို
ဗုဒ္ဓဟူးနေ့တုန်းက ပြောခဲ့
ပါတယ်။
သူက
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံထဲမှာ အခြေစိုက်ပြီးလှုပ်ရှားနေတဲ့ သောင်းကျန်းသူတွေ
အဲဒီလို ဆက်မလှုပ်ရှားနိုင်တော့အောင် သံတမန်နည်းလမ်းအရ ဖိအားပေး
လုပ်ဆောင်နေတဲ့
အကြောင်းလည်း အထက်လွှတ်တော်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ
ပြည်ထဲရေးဝန်ကြီးက
ထည့်သွင်း ပြောကြားခဲ့ပါတယ်။
သောင်းကျန်းသူ
အဖွဲ့အစည်းတော်တော်များများက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို အခြေ
ပြုပြီး အိန္ဒိယနိုင်ငံကို
တိုက်ခိုက်နေကြတယ်လို့ အိန္ဒိယကပြောနေပေမယ့်လည်း မြန်မာရော
ဘင်္ဂလားဒေ့ရှ်ရောက
ဒီကိစ္စကို ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့လအတွင်းက
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့သူတွေဟာ
ပါကစ္စတန်နိုင်ငံမှာ
အခြေစိုက်ပေမယ့် အိန္ဒိယနိုင်ငံထဲကို ရေကြောင်းကတဆင့် ဝင်ရောက်ခဲ့
ကြတာပါ။
ဒါကြောင့်လည်း
ကမ်းခြေစောင့်တပ်တွေကို စံနစ်တခုထဲအောက်မှာ တိုးမြှင့်ချထားဖို့ အိန္ဒိယ
အစိုးရက
ဆုံးဖြတ်ခဲ့တာပါ။ ဒီ့မတိုင်ခင်ကတော့ အိန္ဒိယနိုင်ငံရဲ့ ကမ်းခြေစောင့်တပ်တွေဟာ
စံနစ်တခုထဲအောက်မှာမဟုတ်ဘဲ ဝန်ကြီးဌာနအသီးသီး၊ အေဂျင်စီပေါင်းအဖုံဖုံ၊ အရပ်ဖက်နဲ့
စစ်ဖက် နှစ်ခုစလုံးအောက်မှာ နေရာ ၂၀ လောက် ကွဲပြီး ရှိနေခဲ့တာဖြစ်ပါတယ်။