သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာသည့် မြောက်ကိုရီးယား ၁၉ ယောက် မြန်မာပြည်မှာ အဖမ်းခံရ


မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ လူ ၁၉ ယောက်ကို မြန်မာပြည်တွင်း တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ မြောက်ကိုရီးယားက ဘက်ပြောင်းလာသူ ၁၉ ယောက်ဟာ မြောက်ကိုရီးယားက တရုတ်ပြည်၊ တရုတ်ပြည်ကနေ အရှေ့တောင်အာရှ ကို ဖြတ်ခါ တောင်ကိုရီးယားကို သွားရောက်ဖို့ ရှိပါတယ်။

တရုတ်ပြည်မှာ ဘယ်လောက်ကြာကြာ နေခဲ့တယ်ဆိုတာ မသိရပေမယ့် မြန်မာပြည်တွင်းကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဝင်လာလို့ အဖမ်းခံရတာပါ။ ပြည်တွင်း ဝင်ရောက်လာလို့ ဖမ်းဆီးလိုက်တာဖြစ်တယ် တရားမဝင် ဝင်ရောက် လာသူတွေဖြစ်တဲ့အတွက်လည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူရမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

ရှေ့သီတင်းပတ်ထဲမှာ ရုံးတင်စစ်ဆေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရေးစခန်းကနေ အကျဉ်းထောင်ထဲကို ရောက်သွားတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၁၉ ယောက်ထဲမှာ အမျိုးသမီး ၁၅ ယောက် အမျိုးသား လေးယောက် ပါဝင်ကြပါတယ်။ မြန်မာပြည်မှာရှိတဲ့ မြောက်ကိုရီးယား သံရုံးက ဒီကိစ္စကို ဝင်ရောက်ပြောဆိုတာ မရှိသေးပါဘူး။ မြောက်ကိုရီးယားကို ပြန်ပို့မယ်ဆိုတာ သေချာ မသိရသေးပေမယ့် မြန်မာလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ပြစ်မှုထင်ရှားတယ် ဆိုရင် ထောင်ဒဏ်နှစ်ရှည် ချခံရဖွယ်ရှိပါတယ်။

တရုတ်ပြည် ကတော့ ဆင်းရဲမွဲတေ နှိပ်ကွပ်မှုကြောင့် ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားတွေဟာ စီးပွားရေးကြောင့် ထွက်ပြေးလာသူတွေဆိုပြီး မြောက်ကိုရီးယားကို ပြန်ပို့လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG