မြန်မာနိုင်ငံက ထောင်ပေါင်းများစွာသော လူထုတွေဟာ ဆင်းရဲမွဲတေမှုတွေ၊
ဖိနှိပ်မှုတွေနဲ့
ပြည်တွင်းစစ်ဒဏ်တွေက လွတ်မြောက်နိုင်ဘို့အတွက် မြန်မာပြည်တွင်းကနှစ်စဉ်ထွက်ပြေး
နေကြတာပါ၊
အများဆုံးထွက်ပြေးတိမ်းရှောင်နေကြတဲ့ နေရာကတော့ မြန်မာနိုင်ငံနဲ့ အနီးဆုံး
ဖြစ်တဲ့ ထိုင်းနိုင်ငံပါပဲ။
မြန်မာနိုင်ငံက ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာစင်သီယာမောင်ဟာ သူမကိုယ်တိုင် ဒုက္ခသည်
တဦးဖြစ်ပြီး
ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာပြည်တွင်းကသူတွေအတွက်
အပြောင်းအလဲတွေကို
လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်၊ ဗွီအိုအေသတင်းထောက် Luis Ramirez
က ထိုင်း-မြန်မာနယ်စပ်ကိုသွားရောက်ပြီး သူမ ဆောင်ရွက်လုပ်ကိုင်နေတာတွေနဲ့ ပတ်သက်လို့
အခုလို တင်ပြထားပါတယ်။
၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေးနဲ့ တရားမျှတရေးအတွက် ဆန္ဒပြတောင်းဆိုသူတွေကို
ခြေမှုန်း
တဲ့အချိန် ဒေါက်တာစင်သီယာဟာ မြန်မာနိုင်ငံက ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။
“ဆန္ဒပြသူတွေနဲ့အတူ ကျမပါဝင်လိုက်ပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်က
အာဏာသိမ်းလိုက်ပါ
တယ်၊ လူတွေလည်း စပြီး ကွဲကုန်ကြ ပျောက်ကုန်ကြပါတယ်၊ တချို့ကလည်း နယ်စပ်တွေကို
ထွက်ပြေးကုန်ပါတယ်၊ ကျမကိုယ်တိုင်လည်း တိုင်းပြည်မှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာ
အောင်
ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ပြီး နယ်စပ်ကို ထွက်လာခဲ့ပါတယ်။”
ဒေါက်တာစင်သီယာဟာ အခန်းလေးနှစ်ခန်းပါတဲ့ ဖြစ်ကတတ်ဆန်းဆောက်လုပ်ထားတဲ့
တဲ
ကလေးထဲမှာ အသုံးပြုရမယ့်ကရိယာတွေကို သန့်ရှင်းစေဖို့ ထမင်းပေါင်းအိုးထဲ ထည့်ပြုတ်ပြီး
ခွဲစိတ် ဖြတ်တောက်ကုသတာတွေ၊ ကလေး မွေးဖွားပေးတာတွေကို စပြီး လုပ်ဆောင်ခဲ့ပါတယ်။
ဒေါက်တာစင်သီယာ သင်တန်းပေးထားတဲ့ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်း
လူငယ်တွေ
ဟာလည်း မြေမြှုပ်မိုင်းဒဏ်ခံရတဲ့ လူနာတွေကအစ အစာအိမ်ရောဂါဝေဒနာသည်တွေအဆုံး
နယ်လှည့်ကုသမှုတွေ လုပ်ဆောင်ပေးနေကြတာပါ၊ အမေရိကန်ပြည်ထောင်စုအပါအဝင်
နိုင်ငံတကာအစိုးရတွေနဲ့
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက ပေးကမ်း လှူဒါန်းငွေ
တွေနဲ့ ငွေနည်းနည်းအသုံးပြုပြီး
လုပ်ငန်းတွေ အများကြီးကို ရိုးရိုးသားသားလုပ်ဆောင်ပေး
နေတာဖြစ်ပါတယ်၊ နှစ်စဉ်နှစ်စဉ်
လူနာပေါင်း ၁၅၀,၀၀၀ လောက်ဟာ ဒေါက်တာစင်သီယာ
ဆေးခန်းမှာ လာပြီး ဆေးကုသမှု ခံယူကြပါတယ်။
ဆေးခန်းရဲ့ တဖက်မှာရှိတဲ့ သာမန် အိမ်တန်းလျားမှာ ဒေါက်တာစင်သီယာ နေထိုင်ပါတယ်၊
“ကျမတို့ ဒီမှာနေတော့ နေထိုင်မကောင်းတဲ့ လူနာတွေကို ကုသပေးနိုင်တာတင်မက
ကိုယ်
နေထိုင်တဲ့ ကျေးရွာတွေကိုပြန်ပြီး သူတို့ဒေသက လူထုတွေအတွက် ကျန်းမာရေးဆိုင်ရာ
လုပ်ငန်းတွေကို မြှင့်တင်လုပ်ဆောင်လိုကြတဲ့ လူငယ်တွေကို ပညာပေးလုပ်ငန်းတွေလည်း
လုပ်ဆောင်ပေးနိုင်ပါတယ်၊
ဒီတော့ ဒါဟာ လူငယ်တွေကို ပညာနဲ့ မျှော်လင့်ချက်တွေပေးနိုင်
တဲ့ အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းတရပ်ပါပဲ။”
ကရင်ပြည်နယ်တွင်းကဒေသတွေနဲ့ တခြားလူသူအရောက်အပေါက်နည်းတဲ့
နေရာဒေသတွေ
ဆီကို သွားရောက် ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေကြတဲ့ လူငယ်တွေကိုလည်း သင်တန်း
တွေ
ပေးနေတာပါ၊ တချို့ စေတနာ့ဝန်ထမ်းတွေဟာ တချိန်က ဒေါက်တာစင်သီယာဆေးခန်း
မှာ ဆေးဝါးကုသမှုတွေ
ခံယူခဲ့တဲ့ လူနာတွေဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ သူတို့က ပြန်ပြီး ကူညီ
ကုသမှုတွေ ပေးနေကြပါပြီ။
ဒါဟာ ဒီလူတွေအပေါ်မှာ မြင်လိုတဲ့ ဒေါက်တာစင်သီယာရဲ့
စိတ်ကူး အမြင်တွေ အမှန်တကယ်ဖြစ်လာခဲ့တာပါပဲ။
“ကျမတို့က လူငယ်တွေကို ပညာပေးတဲ့နေရာမှာ ကိုယ့်ကိုယ်ကို
ခံစားရသူတယောက်ဘက်က
နေချည်း စိတ်ခံစားမနေပဲ အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်တဲ့ ၊
မြှင့်တင်နိုင်တဲ့သူတွေ
အဖြစ်လည်း စိတ်ခံစားနိုင်ရအောင် သင်ကြားပေးပါတယ။်”
ဒေါက်တာစင်သီယာဟာ စစ်အစိုးရရဲ့ ဝေဖန် ပြောဆိုမှုတွေကိုလည်း
ခံရပါတယ်၊ စစ်အစိုးရ
ဗိုလ်ချုပ်တွေအဖို့ သူမဟာ အကြမ်းဖက်သမား၊ လက်နက်ကိုင်သောင်းကျန်းသူလို့
ဆိုပေမယ့်
ထောင်နဲ့ချီတဲ့သူတွေအဖို့တော့ သူမက ကုသမှုတွေနဲ့ သင်ကြားမှုတွေပေးနေတာကြောင့်
သူမကို ကရုဏာရှင်တယောက်အဖြစ် သတ်မှတ်ထားကြပါတယ်ရှင်။