သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာမယ့်နှစ် အာဖဂန်၌ အမေရိကန်တပ် နှစ်ဆ တိုးချမည်


အာဖဂန်နစ္စတန် နိုင်ငံမှာ တာလီဘန် သူပုန်ထမှု ကြီးထွားလာနေလို့ အဲဒါကို ရင်ဆိုင်နိုင်ရေး ရှေ့နှစ် အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့များ ၂ ဆတိုးပြီး ချထားရလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီးချုပ်က ပြောပါတယ်။ ၂၀၀၉ခုနှစ် နှစ်လည်မှာ နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင် ၃ သောင်း အထိ အာဖဂန်နစ္စတန် နိုင်ငံကို ရောက်ရှိလာလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး မက် မူလန် က အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်မှာ စနေနေ့က သတင်းထောက်များ အား ပြောကြားပါတယ်။ အာဖဂန်နစ္စတန် တောင်ပိုင်း တာလီဘန် သူပုန်တွေ ပိုမိုထကြွလာနေတယ်။ သူပုန်ထမှုလည်း ကြီးထွား လာနေတယ်။ အဲဒါကြောင့် နောက်ထပ် အင်အား ဖြည့်တင်းတဲ့ အမေရိကန် တပ်ဖဲ့ွတွေထဲက တော်တော်များများကို အဲဒီ တောင်ပိုင်းဒေသကို ပို့ရလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီးချုပ်က ပြောပါတယ်။ အီရက်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့တွေ လျော့ချတော့မှာမို့ တိုက်ရိုက် အကျိုးဆက်အနေနဲ့ အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့တွေ တိုးပြီး ချသွားရမှာ ဖြစ်တယ်လို့ အမေရိကန် ဗိုလ်ချုပ်ကြီး မူလန် ကဆိုပြီး အာဖဂန်နစ္စတန် နိုင်ငံမှာ ဖွင့်ဖြိုးရေး၊ အစိုးရကောင်းဖြင့် အုပ်ချုပ်ရေး အတွက် လုပ်ဆောင်ပေးရမယ်။ ဒါမှသာလျှင် တပ်ဖွဲ့ တိုးပြီးချထားတာ အောင်မြင်မှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီးက ရှင်းလင်းပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG