ဒီဇင်ဘာ ၁၇၊ ၂၀၀၈၊ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါတွေထဲက အချို့ဟာ အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတာကတဆင့် ကူးစက်ပြန့်နှံတာပါ။ ဒီလို ရောဂါတွေကို တိုက်ဖျက်ဖို့နဲ့ ကာကွယ်ဖို့ရာ နည်းလမ်းအမျိုးမျိုးတော့ ရှိထားပြီးသားပါ။ ရောဂါ ဖြစ်စေတဲ့ အင်းဆက် ပိုးမွှားပေါက်ဖွားရာနေရာတွေကို ပိုးသတ်ဆေး ဖြန်းတာ၊ ပိုးမွှားသတ်ဆေး စိမ်ထားတဲ့ ခြင်ထောင်အသုံးပြုတာ၊ ကာကွယ်ဆေးထိုးတာ ကာကွယ်ဆေးတိုက်ကြွေးတာ၊ ကူးစက်ခံရသူကို ဆေးကြွေးကုသတာ .. စဖြင့် စုံလို့ပါ။
ဒါပေမယ့်လည်း ဒီနည်းအားလုံးနဲ့ အင်းဆက်ကြောင့်ဖြစ်တဲ့ကူးစက်ရောဂါတွေကို ကာကွယ်တိုက်ဖျက်ဖို့ ပြီး ပြည့်စုံသွားတာတော့ မဟုတ်ပါဘူး။ ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါမျိုးကြောင့် ကမ္ဘာမှာ နှစ်စဉ် သန်းနဲ့ချီလူတွေ အသက်ဆုံးရှုံးနေကြရပါတယ်။
ဒါကြောင့်လည်းပဲ အမေရိကန်ပြည်ထာင်စု ကော်လိုရာဒိုပြည်နယ်တက္ကသိုလ်က Dr.Brian Foy နဲ့ အခြားဆေးသိပ္ပံသုတေသီတွေဟာ နည်းလမ်းသစ်တရပ်နဲ့ အဲဒီ အင်းဆက်ပိုးမွှားကြောင့် ကူးစက်ရောဂါ ပြန့်နှံမှုတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
အပြည့်အစုံကိုတော့ အခုအပတ် ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။