၂၀၀၈ ခုနှစ် မြန်မာ့နိုင်ငံရေးမှာ စစ်အစိုးရက သူတို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုနိုင်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ အတိုက်အခံဖက်က လှုပ်ရှားမှုကတော့ သိသိသာသာ မတွေ့ရပါဘူး။ မြန်မာ့နိုင်ငံရေး ရှေ့ခရီးဟာ အတိုက်အခံတွေရဲ့ အခန်းကဏ္ဍ ချုပ်ငြိမ်းပြီး စစ်အစိုးရ အလိုကျ ဖြစ်သွားနိုင်သလား၊ လာမယ့်နှစ်တွေမှာ မြန်မာ စစ်အစိုးရအနေနဲ့ သူတို့ရဲ့ လမ်းပြ မြေပုံအတိုင်း တဖြောင့်တည်း လုပ်သွားနိုင်ပြီလား၊ အတိုက်အခံတွေဖက်က ဘာများ လုပ်နိုင်ဦးမလဲ ဆိုတာကို ဦးကျော်ဇံသာက သုံးသပ် ဆွေးနွေးထားပါတယ်။