သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေအာဏာခွဲဝေရေး အမေရိကန်အယုံအကြည်မရှိ


ဇင်ဘာဘွေသမ္မတ Robert Mugabe ကို သမ္မတအဖြစ် ဆက်ထားမယ့် အာဏာခွဲေ၀ အုပ်ချုပ်ရေးအစီအစဉ်ကို မထောက်ခံ နိုင်တော့ဘူးလို့ အမေရိကန်နိုင်ငံက ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ အစီအစဉ်ကို အာဖရိကဆိုင်ရာ ထိပ်တန်းအရာရှိ Jendayi Frazer က တောင်အာဖရိကနိုင်ငံ Pretoria မြို့မှာ ပြောလိုက်တာပါ။

မ္စတာ မူဂါးဘေးအနေနဲ့ အာဏာခွဲဝေအုပ်ချုပ်မယ်ဆိုတဲ့အပေါ် အမေရိကန်နိုင်ငံက အယုံအကြည်မရှိတော့ဘူးလို့ Frazer က ပြောပါတယ်။ မစ္စတာ မူဂါးဘေးဟာ သူရခဲ့တဲ့ အခွင့်အရေးကို အသုံးမချခဲ့တဲ့အပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ အမှန်တရားနဲ့လည်း ကင်းကွာနေတယ်လို့ ဖရေးဇားက ပြောပါတယ်။

မစ္စတာ မူဂါးဘေးအပေါ် ပိုမို ဖိအားပေး လုပ်ဆောင်ကြဖို့ ဇင်ဘာဘွေရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တောင်းဆိုထားတယ်လို့လည်း မစ္စ ဖရေးဇားက ပြောပါတယ်။ ဒါပေမယ့် မစ္စတာ မူဂါးဘေးရဲ့ ပါတီနဲ့ အတိုက်အခံအကြား ညီညွတ်တဲ့အစိုးရဖွဲ့စည်း အုပ်ချုပ်တာက ဇင်ဘာဘွေအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့တယ်လို့ တောင်အာဖရိက နိုင်ငံက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG