သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အနောက်မြောက်ပိုင်း ဒုံးကျည်ထိမှန်၊ ၈ ဦး သေဆုံး


ပါကစ္စတန် အနောက်မြောက်ပိုင်းဒေသမှာ အမေရိကန်က ပစ်လွှတ်တယ်လို့
ယူဆရတဲ့ ဒုံးကျည်ထိမှန်ပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပါကစ္စတန်
ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။

ဒီနေ့တိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဒေသဖြစ်တဲ့
တောင်ပိုင်း ၀ါဇီရစ္စတန် လူမျိုးစုများနေထိုင်ရာ ဒေသမှာဖြစ်ပြီး ယာဉ်နှစ်စီးကို
ထိမှန်တဲ့အတွက် ၈ ဦး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဒီဒေသကို တာလီဘန်နဲ့ အယ်ကိုင်ဒါစစ်သွေးကြွတွေ ခြေကုပ်ယူထားတဲ့ဒေသ
အဖြစ် သတ်မှတ်ထားပြီး မကြာခင်လတွေအတွင်း ပါကစ္စတန် အနောက်မြောက်
ပိုင်းက စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်
ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ လူမဲ့တိုက်လေယာဉ်တွေကို အဝေးကထိန်းချုပ်ပြီး အမေရိ
ကန်က ပစ်လွှတ်နေတယ်လို့ အများက ယုံကြည်နေကြပေမယ့် အမေရိကန်ဘက်
ကတော့ အတည်ပြုတာမရှိသလို ငြင်းဆိုတာလည်း မရှိပါဘူး။ အမေရိကန်နိုင်ငံက
ဒီနှစ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၃၀ လောက် လုပ်ခဲ့တယ်လို့ သတင်းတွေမှာ
ဖော်ပြပါတယ်။

ပါကစ္စတန်အစိုးရကတော့ ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွက် ရှုတ်ချကြောင်း
ကြေညာခဲ့တဲ့အပြင် ဒါဟာ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်သမားနှိမ်နင်းရေးကို
လျှော့တွက်ရာကျတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG