ဒီဇင်ဘာ ၂၂၊ ၂၀၀၈ - ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေ ဘယ်လိုရှိလာ
နိုင်သလဲဆိုတဲ့
ကြိုတင်ခန့်မှန်းချက်ကို ကမ္ဘာကျော် The Economist စီးပွားရေးမဂ္ဂဇင်းကြီးရဲ့
Economist
Intelligence Unit (EIU) က ၂၀၀၇ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။
စီးပွားရေးမူဝါဒတွေမှာ ဆက်ပြီး အမှားမှားအယွင်းယွင်းဖြစ်နေမယ်၊
ငွေဖောင်းပွမှုနှုန်း ဆက်ပြီး
မြင့်မားနေမယ်၊ တင်သွင်းကုန်ပမာဏ များနေမှာဖြစ်သလို
ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာမှာ
ဆက်ပြီး အားနည်းနေမယ်၊ စိုက်ပျိုးရေးကဏ္ဍမှာ ထုတ်လုပ်မှုပမာဏ
လျော့နည်းနေမှာ
ဖြစ်သလို ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာလည်း ငွေအရင်းအနှီးပြတ်လပ်တာ၊ ထိုင်းနဲ့တရုတ်တို့က
ဝင်လာတဲ့ကုန်တွေနဲ့ ယှဉ်ပြိုင်နိုင်မှုအားနည်းတာတွေကြောင့် အကန့်အသတ်တွေ
ကြုံတွေ့ရ
လိမ့်မယ် စသည်အားဖြင့် EIU က ခန့်မှန်းခဲ့ပါတယ်။
ဒါပေမယ့် စွမ်းအင်ကဏ္ဍကတော့ အသင့်အတင့် အခြေအနေကောင်းလိမ့်မယ်လို့
ဆိုခဲ့ပါ
တယ်။ စီးပွားရေးတိုးတက်မှုနှုန်းဟာ ဆယ်ဂဏန်းမှာရှိနေမယ်လို့ အစိုးရကခန့်မှန်းခဲ့ပေမယ့်
EIU ကတော့ ၃% ကနေ ၄% ပတ်ဝန်းကျင်မှာပဲ ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဒီနှုန်းဟာ
ဒေသတွင်း တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အတော်နိမ့်တဲ့နှုန်းဖြစ်တယ်လို့လည်း
ဆိုပါတယ်။
အဲဒီကြိုတင်ခန့်မှန်းချက်တွေ ဘယ်လောက် မှန်ခဲ့တယ်ဆိုတာ
မြန်မာ့ရန်ပုံငွေအဖွဲ့က
စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ဆက်သွယ် မေးမြန်းထားပါတယ်။