သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ မတရား စီရင်မှုအပေါ် နိုင်ငံရေးအကျဉ်းသား အကျိုးဆောင်ရှေ့နေ သုံးသပ်


မြန်မာပြည်မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာတွေကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ကိုယ်တိုင် တောင်းဆိုမေတ္တာရပ်ခံနေပေမယ့် စစ်အစိုးရက မတုန့်ပြန် လစ်လှူရှုကာ ပိုမိုအရုပ်ဆိုးတဲ့ လူ့အခွင့်အရေး ကျူးလွန်မှု ချိုးဖောက်မှုများကို ဆောင်ရွက်လုပ်ကိုင်လာပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒတွေထုတ်ဖော်ပြသကြလို့ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ရဟန်းသံဃာတော်တွေ၊ အနုပညာရှင်တွေကို ထောင်ဒဏ်နှစ်ရှည်ချလိုက်တဲ့အပြင် မိသားစုသွားရောက် တွေ့ဆုံဖို့ ခက်ခဲလှတဲ့၊ အကျိုးတော်ဆောင် ရှေ့နေတွေ သွားရောက်ဖို့ မလွယ်တဲ့ နယ်စွန်းနယ်ဖျားဒေသတွေရှိ အကျဉ်းထောင်တွေကို ပို့ခဲ့ပါတယ်။ အဆိုးဆုံးက နိုင်ငံရေးသမားရဲ့ ရှေ့နေ အကျိုးဆောင်တွေကိုပါ ရာဇဝတ်ပြစ်ဒဏ်တွေတပ်ပြီး ထောင်ဒဏ်တွေ ချမှတ်လာပါတယ်။

ရှေ့နေအကျိုးဆောင်တွေအပေါ် မတရားပြစ်ဒဏ်ပေး လုပ်ဆောင်မှုတွေကို ပိုမိုသိရှိနိုင်ဖို့ မကြာသေးခင်က ထိုင်းနိုင်ငံနယ်စပ်ဒေသကို ထွက်ပြေးတိမ်ရှောင်လာတဲ့ အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ၊ နိုင်ငံရေးသမားများအရေး အကျိုးဆောင်လုပ်ကိုင်နေသူ ရှေ့နေ ကိုစောကျော်ကျော်မင်း ကို ဗွီအိုအေမြန်မာ သတင်းထောက် ကိုရော်နီညိမ်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG