သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဂါဘီကို ရူးသွပ်နေတဲ့ အာဏာရှင်ဟု ကုလအရာရှိ ဝေဖန်


ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) ဟာ လက်တွေ့နဲ့ ကင်းကွာ
နေတဲ့၊ ရူးသွပ်နေတဲ့ အာဏာရှင်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြံပေး
ပုဂ္ဂိုလ်က ပြောပါတယ်။

ဇင်ဘာဘွေနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အရာတွေဟာ အင်မတန် ကြောက်စရာကောင်းတဲ့
အခြေအနေကို ရောက်လာနေတာကြောင့် တောင်အာဖရိကနိုင်ငံအနေနဲ့ မစ္စတာ
မူဂါဘီကို ဆက်ပြီး အကာအကွယ် မပေးသင့်ဘူးလို့ တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ
က ရေဒီယိုအသံလွှင့်ဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ဂျင်း ဇီးဂလား (Jean Ziegler)
က တိုက်တွန်းပြောကြားလိုက်တာပါ။

သမ္မတ မူဂါဘီ ရာထူးကဆင်းပေးဖို့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ တခြား
တိုင်းပြည်တွေက တောင်းဆိုနေတဲ့အထဲ တောင်အာဖရိနိုင်ငံက မပါဝင်ပါဘူး။ ကုလ
သမဂ္ဂ လုံခြုံရေးကောင်စီက ကြားဝင်ဆောင်ရွက်မယ့် ကိစ္စကိုလည်း ရုရှားနဲ့ တရုတ်
နိုင်ငံတို့က ဟန့်တားခဲ့တယ်လို့ မစ္စတာဇီးဂလားက ပြောပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ
လက်ရှိအာဏာရပါတီနဲ့ အတိုက်အခံအကြား အာဏာခွဲဝေအုပ်ချုပ်မယ့် အစီအစဉ်
မှာလည်း မစ္စတာမူဂါဘီက ကြားထဲက အဟန့်အတားအဖြစ် ရှိနေတာကြောင့်
မအောင်မြင်ဘဲ ဖြစ်နေတယ်လို့ အာဖရိကဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး မာ့က်
မဲလော့ချ် (Mark Malloch) က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG