သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ကွယ်လွန်အပြီး ဂီနီနိုင်ငံမှာ စစ်အာဏာသိမ်း


ဂီနီနိုင်ငံကို ကြာမြင့်စွာ အုပ်စိုးနေခဲ့သူ သမ္မတ
လန်ဆာနာ ကွန်တေ (Lansana Conte) ကွယ်လွန်
သွားပြီး နာရီပိုင်းအတွင်းမှာပဲ စစ်အာဏာသိမ်းအဖွဲ့
က ဂီနီနိုင်ငံတော် ဖွဲ့စည်းပုံနဲ့ အစိုးရအဖွဲ့ကို
ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။
နိုင်ငံရဲ့ ဌာန အဖွဲ့အစည်းအသီးသီးကိုလည်း
ဖျက်သိမ်းလိုက်တဲ့အကြောင်း စစ်တပ်ပြောခွင့်ရ
ပုဂ္ဂိုလ်က ဒီနေ့ အသံလွှင့် ကြေညာသွားတာပါ။

ကြာရှည်စွာ နာမကျန်းဖြစ်နေသူ သမ္မတ ကွယ်လွန်
သွားကြောင်း လွှတ်တော်ဥက္ကဋ္ဌ အဘူဘေကာ
ဆွန်ပါရီ (Aboubacar Sompare) က တနင်္လာနေ့မှာ
ရုပ်မြင်သံကြားကနေ နိုင်ငံကို ကြေညာသွားပြီးနောက် နာရီအနည်းငယ်အကြာမှာ
စစ်တပ်က အာဏာသိမ်းလိုက်ပုံ ရတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။

သူ့ရဲ့ မွေးနေ့သက္ကရာဇ်အမှန်ကို ပြည်သူလူထု မသိကြရပေမယ့် အသက် ၇၀ ကျော်
နေပြီလို့တော့ ယုံကြည်နေကြပါတယ်။ ဘာရောဂါနဲ့ သူသေဆုံးသွားကြောင်း အတိ
အကျ မဖော်ပြဘဲ သမ္မတ ကွန်တေဟာ ဆေးလိပ်အလွန်အကျွံသောက်တဲ့သူ၊ ဆီးချို
ရောဂါလည်း ဖြစ်နေသူလို့ ဖော်ပြပါတယ်။

လွတ်လပ်ရေးရလာတဲ့ ဂီနီနိုင်ငံမှာ ၁၉၈၄ ခုနှစ်က သမ္မတ ဆီကူ တိုရီ (Sekou Toure)
ကွယ်လွန်သွားလို့ အဲဒီအချိန်မှာ စစ်ဦးစီးချုပ်ဖြစ်နေတဲ့ ကွန်တေက သွေးထွက်သံယိုမှု
မရှိဘဲ အာဏာသိမ်းပြီး သမ္မတအဖြစ် အုပ်စိုးလာခဲ့တာ မနေ့က ကွယ်လွန်သွားတဲ့
အချိန်အထိ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG