သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေး သိသိသာသာ အားပျော့လာ


တတိယသုံးလပတ် စီးပွားရေးအစီရင်ခံစာက အမေရိကန်စီးပွားရေးဟာ ကျုံ့သွားခဲ့
တယ်လို့ အတည်ပြုခဲ့ပြီးနောက် ကမ္ဘာတဝှမ်း အစုရှယ်ရာဈေးကွက်မှာတော့ အတက်
အကျ ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဝါရှင်တန်က ဗွီအိုအေသတင်း
ထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) ပေးပို့ထားတဲ့သတင်းကို နော်ရှိုးက
တင်ပြပေးထားပါတယ်။

အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်နဲ့ စက်တင်ဘာ
လအတွင်းမှာ အမေရိကန်စီးပွားရေးဟာ အရင်ခန့်မှန်းထားတဲ့အတိုင်း ဝ.၅% ကျုံ့သွား
တယ်လို့ ပြောလိုက်တာပါ။ စားသုံးသူသုံးစွဲမှုနဲ့ ပြည်ပထုတ်ကုန်ပမာဏဟာ တဟုန်ထိုး
ကျဆင်းလာတာကို တွေ့ရသလို ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေရဲ့ အမြတ်အစွန်း
လျော့နည်းလာတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ တိုနီ ဖရက်တို (Tony Fratto) က ဒီတတိယသုံးလပတ် အမေ
ရိကန် စီးပွားရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပြည်တွင်းထုတ်ကုန်စုစုပေါင်း
တန်ဖိုးကို ကြည့်မယ်ဆိုရင် မျှော်လင့်မထားတာ ဖြစ်လာတာမဟုတ်ဘူးလို့ ဆိုပါတယ်။

“အကြွေးပေး အကြွေးယူဆိုင်ရာ ပြဿနာတွေ၊
ငွေကြေးဈေးကွက်မှာ ကမောက်ကမ ဖြစ်တာ
တွေကြောင့် စတုတ္ထသုံးလပတ် အစီရင်ခံစာမှာ
စီးပွားရေးအားပျော့တဲ့ လက္ခဏာတွေကို တွေ့ရ
မယ်ဆိုတာ ကျနော်တို့ ကြိုတွက်ထားပြီးသာပါ။
ဒီလိုလက္ခဏာတွေကို လစဉ်ထုတ် လစာဆိုင်ရာ
အချက်အလက်တွေအရလည်း ကျနော်တို့ သိနှင့်
ပြီးဖြစ်ပါတယ်။ တကယ်ပါပဲ ခုသုံးလပတ်မှာ
စီးပွားရေး အင်မတန်ကျပ်တည်းမှုကို ကြုံနေရ
တာပါ။ စီးပွားရေး ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်
ဖို့နဲ့ အကြွေးပေး အကြွေးယူစနစ် ပြန်လည်ရှင်သန်လာစေဖို့အတွက် ကျနော်တို့အနေနဲ့
ငွေကြေးဈေးကွက်ကို ဘယ်လိုပြန်အဖတ်ဆည်မလဲဆိုတာနဲ့ ဗဟိုဘဏ်အနေနဲ့လည်း
စီးပွားရေး ပြန်လည်တိုးတက်လာစေဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေကို အာရုံ
စိုက်ပြီး ကြိုးပမ်းနေခဲ့ကြတာပါ။”

အမေရိကန်နိုင်ငံဟာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလကတည်းက စီးပွားရေးဆုတ်ယုတ်မှုကို
စတင်ခံစားနေရတာလို့ အများက ယူဆကြပါတယ်။ အဲဒီတုန်းက အမေရိကန်က
အလုပ်လက်မဲ့အရေအတွက်ကို ကြည့်မယ်ဆိုရင်လည်း ၁% တိတိ တက်သွားခဲ့ပါတယ်။
စီးပွားရေးနှေးကွေးမှုကြောင့် စီးပွားရေးလုပ်ငန်းတွေကလည်း သူတို့ရဲ့ကုန်ပစ္စည်းတွေ၊
ဝယ်လိုအားတွေ အရောင်းသွက်ဖို့အတွက် ဈေးတွေကို ချပေးနေကြပါတယ်။ ဒါပေမယ့်
စားသုံးသူတွေကတော့ ဈေးတွေချနေပေမယ့်လည်း ခါတိုင်းလို တက်တက်ကြွကြွ
ဈေးဝယ်ကြတာကို မတွေ့ရဘူးလို့ အမေရိကန်အခြေစိုက် Mesirow Financial ခေါ်
ငွေကြေးဈေးကွက်သုံးသပ်တဲ့ ကုမ္ပဏီက ဘောဂဗေဒပညာရှင် ဒိုင်ယမ်း ဆွမ့်က်
(Diane Swonk) က အခုလိုပြောပါတယ်။

“ကုန်ဈေးနှုန်းတွေ ပိုပြီးသက်သာလာတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ခက်တာက
အလုပ်တွေက အရင်ထက် ပိုပိုရှားလာပါတယ်။ ဒါ့အပြင် အလုပ်ရှိနေတဲ့သူတွေအတွက်
ကြပြန်တော့လည်း ပိုပိုလျှံလျှံ သုံးစွဲနိုင်တဲ့ငွေက ပိုပြီး နည်းနည်းလာတာမျိုးကို ရင်ဆိုင်
နေရတယ်လေ။”

ဘောဂဗေဒပညာရှင် အများစုက အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကြီးတခုလုံး အခုလို
ဆုတ်ယုတ်ကပ်ဆိုက်ရတဲ့ ဖြစ်ရပ်ဟာ ကမောက်ကမဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ အိမ်ရာ
မြေဈေးကွက်ကနေ အဓိကမြစ်ဖျားခံတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အမေရိကန်
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ နောက်ဆုံးအစီရင်ခံစာအရ အိမ်ရာ
ဈေးကွက်နဲ့ပတ်သက်ပြီး အခြေအနေတွေ ကောင်းလာတာကို မတွေ့ရသေးပါဘူး။
နိုဝင်ဘာလအတွင်းမှာ အိမ်ဈေးတွေဟာ ၃% နီးပါး ကျခဲ့တာမို့ ၁၇ နှစ်တာကာလ
အတွင်းမှာ အိမ်အရောင်းအဝယ် အထိုင်းဆုံးအဆင့်ကို ရောက်သွားခဲ့ပါတယ်။

စားသုံးသူတို့အတွက် အဆိုးတွေထဲက အကောင်းလို့ဆိုရမှာတခုကတော့ လောင်စာဆီ
ဈေးတွေ ဆက်တိုက်ကျဆင်းနေတာ ဖြစ်ပါတယ်။ မနေ့က ရေနံစိမ်းဈေးတပီပါကို ၃၈
ဒေါ်လာအောက် ကျခဲ့တာပါ။ ဒါဟာ ပြီးခဲ့တဲ့ဇူလိုင်လ လောင်စာဆီဈေးတွေ တပီပါ
ဒေါ်လာ ၁၅၀ အထိ ထောင်တက်သွားတာနဲ့စာရင် မယုံကြည်နိုင်လောက်အောင်
ကျဆင်းသွားတာလို့ ဆိုရမှာပါ။ လောင်စာစီဆိုင်ရာ ကျွမ်းကျင်သုံးသပ်သူ ဖေးလ်
ဖင်းန် (Phil Fynn) က…

“ရေနံထုတ်လုပ်ရောင်းချတဲ့ အိုပက် (OPEC) အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ လောင်စာဆီ
ထုတ်လုပ်မှုပမာဏကို သမိုင်းမှာ အနိမ့်ဆုံးလို့ဆိုရမယ့် အဆင့်အထိ လျှော့ချခဲ့ပေမယ့်
နှေးကွေးနေတဲ့ စီးပွားရေးအခြေအနေတွေကြောင့် လောင်စာဆီဝယ်လိုအား ကျဆင်း
မှုကို မတားဆီးနိုင်သေးပါဘူး။ ဒါကြောင့် လောင်စာဆီဈေးတွေဟာ အလွန်အမင်း
ကျဆင်းနေတာပါ။” လို့ပြောပါတယ်။

စီးပွားရေးကပ်ဆိုက်မှုဟာ အမေရိကန်နိုင်ငံမှာပဲ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ ပိုလန်
နိုင်ငံမှာဆိုရင် အလုပ်လက်မဲ့နှုန်းဟာ ၉% အထိ ရောက်သွားခဲ့တာကြောင့် ဗဟိုဘဏ်
က ဘဏ်တိုးနှုန်းကို လပိုင်းအတွင်းမှာပဲ ဒုတိယအကြိမ် ပြန်ချလိုက်ရပါတယ်။

ခရစ္စမတ် holiday မတိုင်မီ မနေ့က အစုရှယ်ရာဈေး အပိတ်မှာတော့ ကမ္ဘာတဝန်း
ငွေကြေးဈေးကွက်အများစုက အရောင်းအဝယ်တွေ ပါးခဲ့ပါတယ်။ တိုကျိုနဲ့ လန်ဒန်
အစုရှယ်ရာဈေးကွက်မှာ အနည်းငယ်တက်ခဲ့ပေမယ့် ဟောင်ကောင်၊ ပဲရစ်စ်နဲ့
ဖရန့်က်ဖာ့တ်တို့မှာ အရှုံးအနည်းငယ်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG