သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း ၂၆နှစ်အတွင်း အမြင့်ဆုံး


အလုပ်တွေကနေ အနားပေးခံရတာကြောင့် အလုပ်လက်မဲ့ အထောက်အပံ့ တောင်းခံကြတဲ့ အရည်အတွက် ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂၆နှစ်အတွင်း အမြင့်ဆုံးဖြစ်လာပါတယ်။ အစီရင်ခံစာ အတော်များများ မှာလည်း အမေရိကန်စီးပွားရေးဟာ ကျဆင်းမှုနဲ့ ရင်ဆိုင်ကြုံနေရပြီလို့ ဖော်ပြပါတယ်။

အလုပ်သမားရေးဌာနက ဒီကနေထုတ်တဲ့ အစီရင်ခံစာမှာတော့ အခုလို အလုပ်လက်မဲ့ အထာက်အပံ့ တောင်းခံမှုဟာ ပြီးခဲ့တဲ့အပတ်အတွင်းမှာ လူဦးရည် ၅သိန်း၈သောင်း၆ထောင်ရှိနေပြီး အခု ဒီတောင်းခံမှုဟာ ၃သောင်း ထပ်တိုးလာတယ်လို့ ဆိုပါတယ်။

အခြား အစီရင်ခံစာ တခုမှာတော့ အမေရိကန်ပြည်ထောင်စုအတွင်း သုံးစွဲမှုတွေဟာ ၅လ ဆက်တိုက် ကျဆင်းနေပြီး။ ဒါဟာ ရာစုနှစ်ဝက်အတွင်း အဆိုးဆုံးပဲလို့ ဖော်ပြထားပါတယ်။

အခြားအစီရင်ခံစာတခုမှာလည်း အမေရိကန်ပြည်ထောင်စုအတွင်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်အော်ဒါ လက်ခံရရှိမှုဟာ နိုဝင်ဘာလထဲမှာ ၁ရာခိုင်နှုန်းကျဆင်းသွားပြီး ဒါဟာလည်း ဒီမတိုင်ခင်က အခြေအနေထက် ပိုနည်းလာတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG