သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေ ဘေးကင်းရေး ခရစ္စမတ်မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီး မြွက်ကြား


မနေ့က ခရစ္စမတ်မတိုင်ခင် ညနေခင်းမှာ
အီတလီနိုင်ငံ ရောမမြို့ စိန့်ပီတာစ်ရင်ပြင်
ဘဲစီလီကာ ဘုရားကျောင်းတော်ရှေ့မှာ
ထောင်နဲ့ချီတဲ့လူတွေ စုဝေးခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘန်နဲဒစ် (Pope
Benedict XVI) လည်း ယေရှုခရစ်တော်
ဖွားတော်မူတဲ့ အထိမ်းအမှတ် အခါသမယ
ပွဲတော်ကို ခရစ္စမတ်မတိုင်ခင် ညနေခင်းမှာ
လူထုနဲ့အတူ ကျင်းပခဲ့ပါတယ်။ စဘီနား
ကတ်စ်တယ်ဖရန်ကို (Sabina
Castelfranco) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဘဲစီလီကာကျောင်းတော်မှာ ခရစ်တော် ဖွားတော်မူခဲ့တဲ့ အခါသမယကို ကောင်းချီးပေး
ကျင်းပတဲ့ သံပြိုင်သီဆိုတဲ့ ဘာသာရေးတေးသီချင်းတွေကို ကြားနေရတာပါ။ မနေ့က
ညနေက လူတွေထောင်နဲ့ချီ စုဝေးပြီး အခမ်းအနား ကျင်းပပါတယ်။ ကျောင်းတော်ထဲ
ကို မဝင်နိုင်တဲ့ လူအုပ်ကြီးလည်း စိန့်ပီတာစ်ရင်ပြင်က အအေးဒဏ်ကြားမှာပဲ ရုပ်မြင်
သံကြား အကြီးကြီးက ပြနေတဲ့ပုံတွေကိုကြည့်ပြီး အခမ်းအနားမှာ ပါဝင်ဆင်နွှဲကြပါ
တယ်။ ဒီ ခရစ္စမတ်ပွဲတော် အခမ်းအနားကို နိုင်ငံပေါင်း ၆၅ နိုင်ငံက ပြည်သူတွေ
ဂြိုဟ်တုဆက်သွယ်ရေးက ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကတဆင့်
ကြည့်ခွင့်ရခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဲဒစ်ရဲ့ မိန့်မှာကြားချက်ထဲမှာ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ ကျော်က
ခရစ်တော်ဟာ တခြားကလေးငယ်တွေ မွေးဖွားစမှာ ချစ်ခြင်းတရားကို တောင်းဆိုခဲ့
သလို အလားတူ ချစ်ခြင်းမေတ္တာတရားလိုလားတဲ့ ကလေးငယ်တယောက်အဖြစ်
မွေးဖွားခဲ့တယ်လို့ မိန့်ကြားပါတယ်။

ခရစ်တော်ဟာ မတရားသဖြင့် အနိုင်ကျင့်ခံရတဲ့ ကလေးငယ်တွေ၊ လမ်းပေါ်မှာနေရတဲ့
ကလေးငယ်တွေ၊ စစ်သားအဖြစ် လက်နက်ကိုင် အမှုထမ်းရတဲ့ ကလေးငယ်တွေကို
ကယ်တင်ဖို့ မွေးဖွားလာခဲ့သူလို့ ပုပ်ရဟန်းမင်းကြီးက အီတလီဘာသာစကားနဲ့
မိန့်ကြားပါတယ်။ ဒီကလေးငယ်တွေ ခံစားနေရတဲ့ ဒုက္ခအားလုံး ချုပ်ငြိမ်းအောင်
လုပ်နိုင်သမျှအားလုံး လုပ်ရမယ်လို့လည်း ပြောဆိုပါတယ်။ ပြန်လည်သင့်မြတ်ရေးနဲ့
ငြိမ်းချမ်းရေးအတွက် တမန်တော်တွေ ဖြစ်ရမယ့်အစား အကြမ်းဖက်မှုကို လက်နက်
သဖွယ် အသုံးချနေသူတွေကြောင့် ကလေးငယ်တွေရဲ့ ဒုက္ခဝေဒနာတွေ ပျောက်ကင်း
အောင် လုပ်ဆောင်ရမယ်လို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဗာတီကန်မှာကျင်းပတဲ့ ခရစ္စမတ်ပွဲတော် အခမ်းအနားတွေကို စိန့်ပီတာစ်ရင်ပြင်က
အကြီးဆုံး ခရစ္စမတ်သစ်ပင်ကြီးရဲ့ဘေး ခရစ်တော်ဖွားတော်မူတဲ့ပြခန်း လူအများကြည့်
နိုင်အောင် ဖွင့်မပေးခင် နာရီအတော်ကြာကတည်းက စပြီးကျင်းပတာပါ။

ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့ကျောင်းတော် ခန်းမဆောင်
ပြတင်းပေါက်ကနေ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ဖရောင်းတိုင်တတိုင်ကို မီးထွန်းညှိခဲ့
ပါတယ်။

ဒီနေ့ ကြာသပတေးနေ့မှာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ တနှစ်မှာ နှစ်ကြိမ် မိန့်ကြားတတ်
တဲ့ အူဘီရယ် အော်ဘီ (Urbi et Orbi) ခရစ္စမတ်မိန့်ခွန်းကို ရောမမြို့တော်မှာ မိန့်ကြားဖို့
ရှိပါတယ်။ ဒီမိန့်ခွန်းက ကမ္ဘာကိုမိန့်ကြားတဲ့ မိန့်ခွန်းတခုလည်းဖြစ်ပြီး ဗာတီကန်အရေးနဲ့
နိုင်ငံတကာအရေးကိစ္စတွေကို ထည့်သွင်းပြောဆိုမယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG