ဒီကနေ့ကျရောက်တဲ့ ခရစ္စမတ် အခါသမယ
မှာ ခရစ်ယာန်ဘာသာဝင် မြန်မာနိုင်ငံသား
တွေလည်း နိုင်ငံအဝန်းမှာ ယုံကြည်မှု
အလိုက် ဆင်နွှဲနေကြပါတယ်။ ရန်ကုန်၊
မန္တလေး မြို့ကြီးတွေသာမက တခြား
ပြည်နယ်မြို့ရွာတွေ အသီးသီးမှာလည်း
ကျင်းပနေကြတယ်လို့ သိရပါတယ်။ မြန်မာ
နိုင်ငံမှာ အခုလို ခရစ္စမတ်ပွဲတော် ဆင်နွှဲ
နေကြတာတွေကို ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။
ခရစ္စမတ်အကြို ညသန်းခေါင်ယံကတည်း
က ရန်ကုန်၊ မန္တလေးအပြင် တခြားနယ်မြို့
တွေမှာပါ ဘာသာရေး ဝတ်ပြုဆုတောင်း
တာတွေ၊ တရားဟောကြားတာတွေနဲ့
အခမ်းအနားတွေကို ကျင်းပနေကြတာပါ။ လတ်တလော ကမ္ဘာတဝန်းမှာ ကြုံနေရတဲ့
စီးပွားရေးအကျပ်အတည်းတွေနဲ့အတူ မြန်မာနိုင်ငံမှာလည်း အခက်အခဲတွေ ရှိနေပေ
မယ့် အစဉ်အလာမပျက် ကြိုးပမ်းဆင်နွှဲခဲ့ကြတာလို့လည်း ခရစ်ယာန်ဘာသာဝင်
မြန်မာနိုင်ငံသားတွေက ပြောကြပါတယ်။ မနေ့ည သန်းခေါင်ယံကစလို့ ဒီကနေ့
ကျရောက်တဲ့ ခရစ္စမတ်အခါသမယ ယုံကြည်ရာအလိုက် အခမ်းအနား ကျင်းပခဲ့ကြ
တာကို မြန်မာနိုင်ငံသား ခရစ်ယာန်ဘာသာဝင်တွေ ပြောပြကြတာကတော့ …
“မနက်က ခရစ္စမတ် ဘုရားရှိခိုးပါတယ်၊ ၉ နာရီမှာ။ တရားဟောတာတို့၊ သီချင်းဆိုတာ
တို့ အဲဒါတွေ ရှိပါတယ်။ ညနေကြတော့ လူငယ်တွေ ဘုရားရှိခိုးပါမယ်။ မနက်ပိုင်းမှာ
တော့ ၃၀၀၊ ၃၅၀ လောက်ရှိပါတယ်။ ညနေပိုင်းကတော့ ၁၅၀၊ ၂၀၀ လောက် ရှိပါ
တယ်။”
“ဒီနေ့ တရားဟော ဆုတောင်းတယ်။ ဒီည ဆုတောင်းပွဲ တော်တော်များတယ်။ ညက
ဘုရားရှိခိုးတယ်။ ည ၁၁ နာရီ ဘုရားရှိခိုးတော့ ဆန်ပြုတ်ကျွေးတယ်။ ညက
လူတော်တော်များတယ်။ ဝမ်းသာအားရလည်း ဖြစ်တယ်။ ကိုယ့်ဘုရားသခင် မွေးနေ့
ဆိုတော့ ကိုယ်လည်း ပျော်ရွှင်တာပေါ့။ ပြီးတော့ အားရဝမ်းသာ ဆုတောင်းရတာပေါ့။
ကိုယ့်အပြစ်ရှိတာတွေလည်း ခွင့်လွှတ်ဖို့ ဆုတောင်းရတာပေါ့။”
“၂၄ ရက်နေ့ည သန်းခေါင်မှာလုပ်တာပေါ့။ ၂၅ ရက်အကူး၊ ၂၄ ရက်နေ့ည သန်းခေါင်
၁၂ နာရီမှာ ကျနော်တို့က ပွဲတော်ဝတ်ဆိုတာ လုပ်တာပါ။ မနက်ကြတော့ ပွဲတော်ဝတ်
ပဲလုပ်ပါတယ်။ ကျနော်တို့ရဲ့ အသင်းတော်မှာ ဘုရားရှိခိုးတာပါပဲ၊ ပွဲတော်ဝတ် မင်္ဂလာပွဲ
ဆိုတာ အထွတ်မြတ်ဆုံးသော အစီအစဉ်ပေါ့။ ဘုရားရှိခိုး ဝတ်ပြုခြင်း အစီအစဉ်ပေါ့။
အဲဒါကို သန်းခေါင်မှာ ရှိခိုးတာပါ။”
ခရစ္စမတ်အချိန်အခါမှာ ဘာသာရေးအခမ်းအနားတွေ ဆင်နွှဲနေကြတဲ့ မြန်မာနိုင်ငံသား
ခရစ်ယာန်ဘာသာဝင်တွေ ပြောပြခဲ့တာပါ။ ဒီလို ခရစ္စမတ်ချိန်ခါမှာ ယုံကြည်ရာအလိုက်
ဆင်နွှဲနေကြလို့လည်း ခရစ်ယာန်ဘာသာဝင် မြန်မာနိုင်ငံသားတွေအဖို့ ဝမ်းသာပီတိ
ဖြစ်ကြရတယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ကတော့ ခရစ်တော်မွေးတဲ့နေ့ဆိုတော့ ဘာသာရေးအခမ်းအနား လုပ်တာ
ပေါ့။ ဘာသာတရားရဲ့ ယုံကြည်ချက်အရကတော့ ဆင်းရဲသားတွေအတွက်၊ ပြီးတော့မှ
ဝမ်းနည်းပူဆွေးနေတဲ့ ဘုရားလာတယ်ဆိုတာကို ကျနော်တို့က ကြိုဆိုလက်ခံတဲ့အနေ
နဲ့ ကျနော်တို့ရဲ့ ဘာသာရေးဝတ်ပြုခြင်းတွေမှာ သူတို့ကိုလည်း ခေါ်ဖိတ်ပြီးတော့
ကျွေးမွေးတာတို့ ဘာတို့ လုပ်ပါတယ်။ ဒါလုပ်ခြင်းအားဖြင့် ကျနော်တို့က ဝမ်းသာပီတိ
ဖြစ်တယ်ပေါ့။”
“ဒီနေ့ကတော့ လောက အပြစ်သားတွေအတွက် သခင်ယေရှုက အသေခံခဲ့တာပေါ့။
အသေခံဖို့အတွက် သူဟာ မွေးဖွားခဲ့တယ်ဆိုတဲ့ ကျနော်တို့ အပြစ်သားတွေအတွက်
မွေးဖွားခြင်းကို တကယ် စိတ်ထဲမှာ ခံစားရပါတယ်။ ပြီးတော့ အသက်ရှင်တဲ့ ဘုရား
ဖြစ်တဲ့အတွက် ကျနော်တို့က အသက်ရှင်တဲ့လူအတွက်ပဲ မွေးနေ့ပွဲကို ပြုလုပ်လေ့ရှိ
တယ်။ အသက်သေတဲ့လူကတော့ မွေးနေ့ပွဲကို ပြုလုပ်လေ့မရှိဘူး။ အဲဒါကြောင့်
ကျနော်တို့ရဲ့ဘုရားက ထာဝရ အသက်ရှင်တဲ့ဘုရား ဖြစ်တဲ့အတွက် သူ့ရဲ့မွေးနေ့
အထိမ်းအမှတ်ကို ကျင်းပပေးခြင်းဖြစ်တယ်ဆိုတဲ့ဟာကို ခံစားရပါတယ်။”