သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


ပုပ်ရဟန်းမင်းကြီး ဘန်နဲဒစ် (Pope Benedict) က
ခရစ္စမတ်အခါသမယ မိန့်ခွန်းမှာ အရှေ့အလယ်
ပိုင်းနဲ့ အာဖရိကတိုက် ငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်ကြဖို့ အထူးမေတ္တာရပ်ခံ ပန်ကြား
လိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် စဘီးနား
ကတ်စ်တယ်လ်ဖရန်ကို (Sabina Casterlfranco)
ရောမမြို့က သတင်းပေးပို့ထားတာကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စိန့်ပီတာရင်ပြင်မှာ တေးဂီတဖျော်ဖြေရေးအဖွဲ့
တွေ ဗာတီကန်နဲ့ အီတလီအမျိုးသားသီချင်းတွေ
တီးမှုတ်ဖျော်ဖြေနေတဲ့အချိန် လူအုပ်ကြီးက
လက်ခုပ်တီး အော်ဟစ်အားပေးခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘန်နဲဒစ်ဟာ စိန့်ပီတာရင်ပြင် ဘက်ဆီလီကာကျောင်းတော်ရဲ့
လသာဆောင်က ထွက်လာပြီး အူဘီ အက်က် အော်ဘီ (Urbi et Orbi) ခေါ် ရိုးရာ
ခရစ္စမတ်မိန့်ခွန်းကို ဟောကြားပါတယ်။ ဒီမိန့်ခွန်းက ရောမမြို့တော်နဲ့ ကမ္ဘာကို
ဟောကြားတဲ့ မိန့်ခွန်းဖြစ်ပါတယ်။ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်ဖို့ မှာကြားခဲ့
သလို အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ငြိမ်းချမ်းရေးအတွက် ပြင်းပြင်းထန်ထန်
မေတ္တာရပ်ခံသွားပါတယ်။

မျှော်လင့်ချက်တွေ တဖန် မှုံမိုင်းနေတဲ့ မိုးကုပ်စက်ဝိုင်းအောက်က ဘာသာရေးဆိုင်ရာ
အထွတ်အမြတ်ထားရာ မြေတလျှောက် အစ္စရေးနဲ့ ပါလက်စတိုင်းဒေသမှာ ယေရှု
ခရစ်တော် ဖွားတော်မူရာ ဘက်သလေဟန် တောက်ပတဲ့ အလင်းရောင်တန်းတွေ
ထွန်းလင်းတောက်ပပါစေဆိုပြီး ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီးက မြွက်ကြား
သွားတာပါ။

လက်ဘနွန်နဲ့ အီရတ်အကြား ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ကိုလည်း အထူး
အလေးပေးပြီး ပုပ်ရဟန်းမင်းကြီးက ပြောသွားပါတယ်။ ဇင်ဘာဘွေ၊ ကွန်ဂို ဒါဖိုးနဲ့
ဆိုမားလီးယားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးအတွက်လည်း တောင်းဆိုတိုက်တွန်းသွားပါ
တယ်။

ဇင်ဘာဘွေပြည်သူတွေဟာ ရှည်ကြာလှတဲ့ နိုင်ငံရေးနဲ့ လူမှုရေး အကျပ်အတည်းကြား
မှာ ရုန်းမထွက်နိုင်ဘဲဖြစ်နေပြီး အခြေအနေဟာ စိတ်မကောင်းစရာ ပိုပြီးဆိုးလာနေ
တယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုပါတယ်။

စစ်၊ အကြမ်းဖက်မှု၊ မတရား မမျှတမှုနဲ့ ဆင်းရဲမွဲတွေမှုတွေကြား အတိဒုက္ခရောက်ရတဲ့
နာကျင်မှုတွေကြားမှာ ခရစ္စမတ်ကာလက မျှော်လင့်ချက်တွေ သယ်ဆောင်လာနိုင်မယ်
လို့ မျှော်လင့်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ ရောမမြို့တော် စိန့်ပီတာရင်ပြင်
ဘက်ဆီလီကာ ကျောင်းတော်ရှေ့မှာ ညဉ့်လယ်ပိုင်း စုဝေးခဲ့ကြပါတယ်။ သူ့ရဲ့မိန့်ကြား
ချက်ထဲမှာ မတရားသဖြင့် အနိုင်ကျင့်ခံရတဲ့ ကလေးငယ်တွေ၊ လမ်းပေါ်မှာနေရတဲ့
ကလေးငယ်တွေ၊ စစ်သားအဖြစ် လက်နက်ကိုင် အမှုထမ်းရတဲ့ ကလေးငယ်တွေကို
ကယ်တင်ဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပန်ကြားသွားပါတယ်။

ကမ္ဘာတဝန်း မတရားပြုကျင့်ခံရတဲ့ ကလေးငယ်တွေနဲ့ မိဘတွေရဲ့ မေတ္တာတရား
ငြင်းပယ်ခံရတဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောက်ဖို့ ပန်ကြားပြီး မှီခိုစရာ အိုးအိမ်မဲ့
ကလေးငယ်တွေရဲ့ အကျပ်အတည်းနဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အနိုင်ကျင့်ခံရတဲ့
ကလေးငယ်တွေကို အဓိက မိန့်ကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG