သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၁၇၀ ကျော်သေဆုံး


ဂါဇာရှိ ဟားမားစ်အဖွဲ့တွေရဲ့ ပစ်မှတ်တွေကို အစ္စရေးဘက်က လေကြောင်းက တိုက်ခိုက်တဲ့အတွက် အနည်းဆုံး လူ ၁၇၀ ကျော် သေဆုံးတယ်လို့ ပါလက်စတိုင်း ဆေးကုသရေး အဖွဲ့က ပြောပါတယ်။ စနေနေ့ တိုက်ခိုက်မှုမှာ လူ ၂၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပြီး သေဆုံးသွားတဲ့ အထဲမှာ ဂါဇာ ရဲတပ်ဖွဲ့ အကြီးအကဲ တော့ဖစ်ခ် ဂျက်ဘာ (Tawfik Jabber) က ပါဝင်သွားခဲ့တယ်လို ဆက်ပြီး ပြောပါတယ်။

ဂါဇာရှိ ဟားမားစ် ပစ်မှတ် တွေကို လေကြောင်း ကနေ တိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ် က အတည်ပြုပြောဆိုပြီး စစ်ဆင်ရေး ကို ဒီထက်ပိုပြီး တိုးချဲ့သွားလာ နိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ ဟားမားစ် အဖွဲ့က ဒီတိုက်ခိုက်မှုအတွက် လက်စားပြန်ချေမယ်လို့ ပိုင်းဖြတ် ပြောဆိုပါတယ်။

ဟားမတ်စ်နဲ့ ပြိုင်ဖက် ပါလက်စတိုင်း သမ္မတ မာမွတ်စ်အာဘတ်စ် (Mahmoud Abbas) က ဒီလို တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လည်း အစ္စရေးကို တိုက်တွန်းပြောဆိုပါတယ်။ အီဂျစ်နိုင်ငံကလည်း အစ္စရေး တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဒဏ်ရာရတဲ့ ပါလက်စတိုင်းတွေ ဝင်ရောက်လာနိုင်ရေးအတွက် နယ်ခြားကို ဖွင့်ထားမယ်လို့ ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG