သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘနာဇီယာ ဘူတို လုပ်ကြံသတ်ဖြတ်ခံရတာ တနှစ်ပြည့်သွားပြီ


ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို လုပ်ကြံသတ်ဖြတ်ခံရတာ တစ်နှစ်ပြည့်မြောက်တဲ့ အထိန်းအမှတ် တွေကို ပါကစ္စတန်နိုင်ငံတောင်ပိုင်း ရဝါ ပင်ဒီ မြို့မှာ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။ လူတွေ ထောင်သောင်းချီ စုရုံးရောက်ရှိလာခဲ့ကြပါတယ်။

စစ်အခြေစိုက်စခန်းမြို့ဖြစ်တဲ့ ရဝါပင်ဒီ မြို့မှာ လူထု အစည်းအဝေးပွဲကြီး ပြုလုပ်ပြီး မဲဆွယ်စည်းရုံးနေစဉ်မှာ ဝန်ကြီးချုပ် ဟောင်း ဘူတို ဟာ အသေခံ သေနတ်သမားတဦးရဲ့ သေနတ်နဲ့လည်း ပစ်၊ ဗုံးနဲ့လည်း ပစ်ခတ်တာကို ခံခဲ့ရပြီး မနှစ်က သေဆုံးသွားခဲ့တာပါ။ မစ္စ ဘူတိုရဲ့ ရုပ်အလောင်း မြှုပ်နှံရာ သူမရဲ့ ဇာတိ ဆင်း ပြည်နယ်က လန်ကာနာ မြို့လေးမှာ ကျင်းပတဲ့ အောက်မေ့ဘွယ် အခမ်းအနားကို မိုင်ပေါင်း ရာပေါင်းများစွာဝေး တဲ့ အရပ်ဒေသတွေကနေ သူမကို ထောက်ခံကြည်ညိုသူတွေ လာရောက်ဆင်နွှဲခဲ့ကြပါတယ်။

မစ္စ ဘူတိုရဲ့ ခင်ပွန်း လက်ရှိသမ္မတ အာဆစ်အလီ ဇာတာရီ က မကောင်းဆိုးရွားတွေက မစ္စ ဘူတို ကို သတ်နိုင်ခဲ့ပေမယ့် သူမရဲ့ ပန်းတိုင်ဖြစ်တဲ့ ပါကစ္စတန်မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရေးကိုတော့ ဘယ်သူကမှ ရပ်သွားအောင် လုပ်ကြံနိုင်ခြင်းမရှိဘူးလို့ ပြောဆိုသွားပါတယ်။

တခြား ပါကစ္စတန် သတင်းတပုဒ်မှာတော့ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ ကြီးထွားလာနေတာကို နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြတဲ့ကြားမှာပဲ ပါကစ္စတန် ဟာ အိန္ဒိယနဲ့ ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေး ထားရှိချင်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ယူစွပ် ရာဇာ ဂီလာနီ က မနေ့က ရုပ်မြင်သံကြားမိန့်ခွန်းတစ်ခုမှာ ထည့်သွင်းပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG