သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အာဆီယံ နဲ့ မြန်မာနိုင်ငံ


အမေရိကန်နိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ ရီပတ်ဘလစ်ကန် (Republican) နဲ့ ဒီမိုကရက် (Democrat) ပါတီတွေဟာ အာဆီယံဆိုင်ရာ သဘောထားမှာ အသွင်တူကြတာတွေ့ရပါတယ်။ အာဆီယံဒေသ နဲ့ ဆက်ဆံရေးတိုးမြှင့်လာတဲ့ ဘုရှ် အစိုးရလမ်းစဉ်ကိုပဲ ဘာရက်အိုဘားမား အစိုးရက ဆက်လျှက်ကျင့်သုံး လိမ့်မယ်လို့ ယူဆကြပါတယ်။ မြန်မာ နဲ့ မဆက်ဆံပေမယ့် အာဆီယံ-အမေရိကန် ကုန်သွယ်ရေးပမာဏဟာ မှန်မှန်တိုးပွားနေပြီး အရှေ့တောင်အာရှဟာ အမေရိကန်ရဲ့ စတုတ္ထအကြီးဆုံး ဈေးကွက်ဖြစ်နေပါပြီ။

ဇန်နဝါရီလ ၂၀ ရက် ၂၀၀၉ မှာ အမေရိကန်အစိုးရသစ်ဖြစ်လာမယ့် သမ္မတ ဘာရက်အိုဘားမား (Barack Obama) ဦးဆောင်တဲ့ အမေရိကန်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို လေ့လာ စောင့်ကြည့်နေသူတွေ အထူးစိတ်ဝင်စားနေကြပါတယ်။ အထူးသဖြင့် သမ္မတ ဂျောချ် ဘုရှ် (George Bush) အစိုးရက ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာစစ်အစိုးရကို ဘာရက်အိုဘားမား အစိုးရသစ်က ဘယ်လိုဆက်ဆံလုပ်ဆောင်သွားမလဲဆိုတာကို အထူးစိတ်ဝင်စားကြပါတယ်။ ဒါကြောင့် မြန်မာအစိုးရပါဝင်တဲ့ အာဆီယံအဖွဲ့ နဲ့ အမေရိကန်အစိုးရတို့ရဲ့ အနာဂတ်ဆက်ဆံရေးကို ဆောင်ပါးရှင် ဦးအောင်ခင် က မညိုညိုလွင် နဲ့ အတူ သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG