သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး


ဆူပူမှုတွေဖြစ်နေတဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်းဒေသမှာ မနေ့ တနင်္ဂနွေနေ့က အသေခံ ကားဗုံးထောင် ဖောက်ခွဲမှု တခု ဖြစ်ပွားခဲ့လို့ လူပေါင်း ၃၄ ယောက်ထက် မနည်း သေဆုံး ခဲ့ပြီးတော့ ၁၅ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန် ရဲဘက်တွေက ပြောပါတယ်။ ဖောက်ခွဲမှုကြောင့် စွက်တောင်ကြားအနီး ဘူနဲ မြို့မှာ မဲရုံအဖြစ်နဲ့ အသုံးအဖြစ်နဲ့ အသုံးပြုထားတဲ့ စာသင်ကျောင်းတခု ပျက်စီးခဲ့ရသလို အနီးနားက ဈေးဆိုင်အတော်များများလည်း ပျက်စီးခဲ့ရတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ ပါကစ္စတန် အမျိုးသားလွှတ်တော် ဆိုင်ရာ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူတွေ မဲလာပေးနေကြတုန်းမှာ ပေါက်ကွဲခဲ့တာပါ။ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အဲဒီ ဒေသ တဝိုက် မဲပေးမှုကို ရွေးကောက်ပွဲ အရာရှိတွေက ယာယီ ရပ်ဆိုင်းထားပါတယ်။ ဆေးရုံ သတင်းတွေအရ တိုက်ခိုက်မှုအတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသူတွေ အများအပြား ရှိနေတာကြောင့် သေဆုံးမှုဦးရေ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တာလီဘန် စစ်သွေးကြွတွေက အမျိုးသား သုံးဦးကို အမေရိကန်နဲ့ ပါကစ္စတန် နိုင်ငံတို့ရဲ့ သူလျှိုတွေလို့ စွပ်စွဲ ခဲ့ပြီးတော့ သတ်ဖြတ်ခဲ့တဲ့အကြောင်း ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။ အသတ်ခံရသူတွေရဲ့ အလောင်းတွေကို တနင်္ဂနွေနေ့က မြောက်ပိုင်း ဝါဆီဝစ္စတန် ဒေသမှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ အလောင်း ၂လောင်းကို မာအလီမြို့ အနီးက တံတားတခုမှာ ကြိုးစွဲချထားတာကို ရှာတွေ့ခဲ့ပြီးတော့ ကျန်အလောင်း တလောင်းကိုတော့ မီယံရှား မြို့အနီးမှာ သေနတ် ကျည်ဆံရာတွေနဲ့ ရှာတွေ့ခဲ့တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG