သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မှာ ပျောက်ဆုံးနေ


ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတို့က ထွက်ခွာလာကြတဲ့ လူ ၃၀၀ကျော်ဟာ ကပ္ပလီကျွန်းနဲ့ နီကိုဗာကျွန်းတို့ အနီးမှာ ပျောက်ဆုံးနေကြတယ်လို့၊ သူတို့ ရေနစ်ကုန်ကြပြီလို့လည်း စိုးရိမ်ရတယ်လို့ အိန္ဒိယ ကမ်းခြေစောင့်များက ပြောကြားကြပါတယ်။

ပင်လယ်ထဲမှာ သတင်း ၂ ပတ်အကြာအဲဒီ စက်လှေ မြောနေကြပြီး စက်လှေပေါ်မှာလည်း အစားအစာနဲ့ သောက်ရေ ပြတ်လို့ ရေထဲကို ခုန်ချတယ်။ အဲဒီထဲက ၁၀၀လောက်ကို ကယ်တင်နိုင်ပေမယ့် ၃၀၀ကျော်ကတော့ ပျောက်ဆုံးနေဆဲပဲလု့ိ သူတို့က ဆက်လက်ရှင်းပြပါတယ်။ အဲဒီ လူတွေထဲက အများစုဟာ မလေးရှားနိုင်ငံမှာ ဆက်လက် အလုပ်ရှာဖို့ ထွက်ခွာလာကြတာလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄၅ရက်လောက်က ဘင်္ဂလားဒေရှ့် နိုင်ငံကနေ စက်လှေ အသီးသီးနဲ့ ထွက်ခွာလာခဲ့ကြပြီး တနေရာမှာ သူတို့ စုပြီး စက်လှေ တစ်စင်းပေါ်ကို အဲဒီ လူ ၄၀၀ စုပြုံ တက်လာခဲ့ကြတာ၊ သောကြာနေ့မှာ အဲဒီလို ခုန်ချခဲ့ကြတာဖြစ်တယ်လို့ သတင်းများမှာ ရှင်းလင်းဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG