သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက်စတိုင်း ၃၀၀ကျော်သေဆုံး


ဂါဇာ ကမ်းမြှောင်ဒေသရှိ ဟားမတ်စ်တို့ကို အစ္စရေးက လမ်းကြောင်းကနေ စစ်ဆင်တိုက်ခိုက်နေတာ တတိယနေ့ထဲကို ဝင်လာနေပြီး သေဆုံးသူ ပါလက်စတိုင်း လူဦးရေလည်း ၃၀၀ထက် မနည်းရှိသွားပါပြီ။ ဂါဇာရှိ ဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရပ်ကွက်များကို အခြေခံပြီး အရပ်သား ၅၁ ယောက်ထက် မနည်း သေဆုံးကြောင်း ကုလသမဂ္ဂ အေဂျင်စီ တခု က ဆိုပါတယ်။

ပါလက်စတိုင်း တာဝန်ခံများကလည်း ဟားမတ်စ် အဖွဲ့ဝင် ၁၈၀ သေဆုံး သွားကြောင်း ပြောဆိုကြပါတယ်။ ဂါဇာမြို့ရှိ ဟားမတ်စ် ပြည်ထဲရေး ဌာနကို အစ္စရေး တိုက်စစ်လေယာဉ်များက ဖျက်ဆီးပြစ်လိုက်ပြီး အစ္စလာမ် တက္ကသိုလ်ကိုလည်း ၅ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ကြောင်း မျက်မြင်သက်သေများက ပြောကြားကြပါတယ်။

ဂါဇာကနေ အစ္စရေး နယ်မြေထဲကို ထပ်သလဲလဲ ပစ်ခတ်နေလို့ လက်တုန့်ပြန် တိုက်ခိုက် ရတာ ဖြစ်တယ်လို့ အစ္စရေး နိုင်ငံက ဆိုပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသကို ကန့်သတ် စစ်နယ်မြေ အဖြစ် အစ္စရေး စစ်တပ်က ကြေညာလိုက်ပြီမို့ အရင်တုန်းကလို မြေပြင်က ဝင်တိုက်မယ့် လုပ်ရပ်လို့ ဆိုကြပါတယ်။

ဟားမတ်စ်တို့ ဒုံးကျည်များနဲ့ ပစ်ခတ်လို့ အစ္စရေး ၁ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရသွားကြောင်း အစ္စရေး နိုင်ငံ တောင်ပိုင်း အက်ရှ်ကာလွန် မြို့တော်ဝန် က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG