သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုကြောင့် ထိုင်းဝန်ကြီးချုပ် အစိုးရမူဝါဒမိန့်ခွန်း ပါလီမန်တွင် ပြောဆိုရန် ရွှေ့ဆိုင်း


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံခဲ့ရတဲ့ သက်ဆင် ရှင်နာဝက်ကို ထောက်ခံသူ ထောင်သောင်းများစွာတို့ ပါလီမန်ကို ပိတ်ဆို့ထားတဲ့အတွက် ဝန်ကြီးချုပ်သစ် အဘီဆစ် ဝပ်ချာဂျီဝပ် ဒီနေ့ မိန့်ခွန်းပြောမယ့် အစီအစဉ်ကို အင်္ဂါနေ့ကို ရွှေ့ဆိုင်းလိုက်ရပါပြီ။

မစ္စတာ သက်ဆင်ကို ထောက်ခံကြသူတွေက ထိုင်းပါလီမန် လွှတ်တော်ကို ဝင်ပေါက်များကို ပိတ်ဆို့ ဆန္ဒပြနေလို့ ဝန်ကြီးချုပ် အဘီဆစ် ဒီနေ့မနက် မိန့်ခွန်းပြောဆိုဖို့ အခက်ကြုံသွားရတာပါ။

လွှတ်တော်ကိုယ်စားလှယ်များ ပါလီမန်ထဲကို လမ်းလျောက်ဝင်ကြရမယ်ဆိုတဲ့ ဆန္ဒပြသမားများရဲ့ တောင်းဆိုချက်အတိုင်း လုပ်ဖို့ နိုင်ငံရေးခေါင်းဆောင်များက အလျော့မပေးကြဘူး၊ လုပ်ဖု့ိလည်း မလွယ်ဘူးလို့ ထိုင်းဒုတိယ ဝန်ကြီး ဆူသက်တောင်ဆုပန် က ပြောပါတယ်။

ဆန္ဒပြသမားများနဲ့ စေ့စပ်ဆွေးနွေးပေမယ့် သဘောတူညီချက် မရရှိပါဘူး။ လွှွတ်တော် စည်းဝေးပွဲကို အင်္ဂါနေ့ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဆန္ဒပြသမားများဖက်ကလည်း ဆုတ်ခွာပေးမယ့် လက္ခဏာကို မတွေ့ပါဘူး။ ကန့်ကွက် ဆန္ဒပြကြသူတွေကို အင်အားသုံးပြီး ဖယ်ရှားမှာ မဟုတ်ဘူး။ ဒါပေမယ့် လွှတ်တော်လမ်းမကြီးကိုတော့ ပိတ်ဆို့ထားပြီလို့ ထိုင်းရဲ က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG