သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကြိုဆို အီဒီယံအသုံးအနှုန်းများ


နှစ်ဟောင်းကုန်တော့မယ့် အချိန်ကာလမှာ လူအများစုက နှစ်သစ်ကို စိတ်သစ်လူသစ် အတွေးသစ်တွေ နဲ့ စတင်မယ်ဆိုတဲ့ New Year Resolution(s) ဆုံးဖြတ်ချက်တွေ ချမှတ်သလို၊ နှစ်သစ်ကြို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကျော်ထိစောင့်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကို ဆင်နွှဲကြပါတယ်။ ဒါကြောင့် နှစ်သစ်ကို ကြိုဆိုတဲ့ ပါတီပွဲတွေနဲ့လိုက်ဖက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ big time, in the nick of time နဲ့ the time of your life စကားလုံးများကို တင်ပြထားပါတယ်။

Big Time - လုံးကောက်ဘာသာပြန် အဓိပါ္ပယ်ကတော့ ကြီးမားတဲ့အချိန် ဖြစ်ပေမယ့် အီဒီယံမှာတော့ နှစ်မျိုးအဓိပါ္ပယ်ရှိပါတယ်။ အပျော်ကြီးပျော်တဲ့အချိန် နဲ့ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးတွေ တို့အဖြစ် သုံးစွဲပြောဆိုနိုင်ပါတယ်။

"I really had a big time at the New Year party I went to last year. The food was great, and I got to meet some big time people like Senators, and other important people like that."
"ပြီးခဲ့တဲ့ တနှစ်က နှစ်သစ်ကူးပါတီ သွားတုန်းက အပျော်ကြီးပျော်လိုက်တာဗျာ။ အစားအသောက်ကလည်း ကောင်းပေ၊ ဒါအပြင် အထက်လွှတ်တော်အမတ်တွေ နဲ့ တခြားအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်။"

In the Nick of Time -လက်မတင် အချိန်မီရုံလေး လို့ အီဒီယံအဓိပါ္ပယ်ရှိပါတယ်။

"We had a flat tire on our way to Henry's party, but we still got there in the nick of time five minute to twelve. Just in time to raise the glass and say hello to the New Year."
"ဟန်နရီ ရဲ့ ပါတီပွဲအသွားလမ်းမှာ ကားဘီးပေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ၁၂ နာရီထိုးဖို့ ၅ မီနစ်အလို နှစ်သစ်ကို အရက်ခွက်မြောက်ပြီး ကြိုဆိုဖို့ အချိန်မီ လက်မတင်ကလေး ရောက်သွားခဲ့တယ်ဗျာ။"

The Time of Your Life - ဘဝမှာ ကြုံတောင့်ကြုံခဲ အပျော်ကြီးပျော်ရတဲ့အချိန် လို့ အဓိပါ္ပယ်ဖွင့်ဆိုနိုင်ပါတယ်။

"It was a New Year Eve in 1941. But, I still remember it like its yesterday. I went to that party and had a time of my life because I met the beautiful girl I have been married to for fifty years."
"၁၉၄၁ ခုနှစ် နှစ်သစ်ကူးမတိုင်ခင် တရက်အလိုပေါ့။ မနေ့တနေ့ကဖြစ်တဲ့ အဖြစ်အတိုင်းလိုပါပဲ။ မှတ်မီပါသေးတယ် ကျနော်ပါတီတခုကို သွားတယ်။ တသက်တာမှာ အပျော်ဆုံး အချိန်ကို ဆင်နွှဲခဲ့တယ်။ အကြောင်းကတော့ အဲဒီပါတီမှာ အလွန်လှပတဲ့ မိန်းမချောလေးတယောက်ကို တွေ့ဆုံခဲ့ပြီး သူမနဲ့ ကျနော် လက်ထပ်နေထိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်တောင် ကြာရှိခဲ့ပြီ။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG