သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့်ရွေးကောက်ပွဲ အ၀ါမီညွန့်ပေါင်းအသာစီးရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ၀န်ကြီးဟောင်း Sheikh Hasina ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က အပြတ်အသတ်အနိုင်ရနေတယ်လို့ အစောပိုင်းထွက်လာတဲ့ သတင်းတွေက ဖော်ပြနေပါတယ်။ မစ္စ ဟာစီနားရဲ့ အဓိကပြိုင်ဖက်တွေကတော့ မဲရုံတွေမှာ မရိုးသားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ကြောင်း ထုတ်ဖော် ပြောဆိုနေကြပါတယ်။

မစ္စ ဟာစီနား ဦးဆောင်တဲ့ Awami League ပါတီနဲ့ ညွန့်ပေါင်းအဖွဲ့က အစိုးရဖွဲ့ဖို့လိုအပ်တဲ့ လွှတ်တော်အမတ်နေရာ ၁၅၁ နေရာကို အနိုင်ရနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တရားဝင်မဟုတ်သေးတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ BNP ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီဦးဆောင်တဲ့ လေးပါတီ ညွန့်ပေါင်းအဖွဲ့ကတော့ အများကြီး ပြတ်ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ပါတီဝင်တွေ မဲရုံတွေမှာ ခြိမ်းချောက်ခံခဲ့ရပြီး မရိုးသားမှုတွေ ရှိခဲ့တယ်လို့ ပါတီဝင်တွေက တိုင်ကြား ကြတဲ့ အကြောင်း BNP ညွန့်ပေါင်းအဖွဲ့အကြီးအကဲ Rizvi Ahmed က သတင်းထောက်တွေကို ပြောပါတယ်။ ပါတီအနေနဲ့ တရားဝင် တိုင်ကြားစာ တင်သွင်းဖို့ ပြင်ဆင်နေတဲ့အကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အရေးပေါ် အုပ်ချုပ်ရေးနဲ့ ၂ နှစ်ကြာ အုပ်ချုပ်ပြီးနောက်ပိုင်း ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ ရည်ရွယ်ချက်နဲပ ဒီ ပါလီမန် ရွေးကောက်ပွဲတွေကို ကျင်းပတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG