သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်ကီမွန်းတိုက်တွန်း


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက အစ္စရေးနဲ့ ပါလက်စတိုင်းက Hamas စစ်သွေးကြွအုပ်စုအကြား တဘက်နဲ့တဘက် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန်းကရပ်ဖို့ ဆော်ဩလိုက်ပါတယ်။ ဂါဇာ ကမ်းမြှောင ်ဒေသ တဝှမ်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကို လက်မခံနိုင်ဖွယ်မရှိဘူးလို့ မနေ့က New York က သတင်းစာ ရှင်းလင်းပွဲတခုမှာ မစ္စတာ ဘန်ကီမွန်က ပြောခဲ့တာပါ။ ဒီစစ်ရေး ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှု အပေါ်မှာ လည်း မစ္စတာ ဘန်ကီမွန်းက ကဲ့ရဲ့ ပြစ်တင်ခဲ့ပါတယ်။

နှစ်ဘက် တွေ့ဆုံ စကားပြောရေးနဲ့ အဓွန့်ရှည်မယ့် အဖြေကို ရှာတွေ့နိုင်ရေးအတွက် ကမ္ဘာ့ ခေါင်းဆောင်တွေအနေနဲ့ ဒီထက်ပိုပြီး ကြိုးပမ်း အားထုတ်သင့်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး မစ္စတာ ဘန်ကီမွန်းက ဂါဇာဒေသမှာ အရေးတကြီး လိုအပ်နေတဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေကို ဝင်ခွင့်ပေးဖို့ အစ္စရေး ခေါင်းဆောင်တွေက အာမခံပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က Hamas အုပ်စုကို Fatach အဖွဲ့ခွဲက ပါလစတိုင်း သမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံ စကားပြောဖို့ငြင်းဆိုတယ်ဆိုပြီး ကဲ့ရဲ့ ပြစ်တင်ခဲ့ပါတယ်။ ပါလက်စတိုင်း ပြည်သူတွေအနေနဲ့ သမ္မတ Abbas ရဲ့ ဦးဆောင်မှုကို လက်ခံရမှာ ဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။ အစောပိုင်းတုန်းကလည်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကလည်း ဂါဇာကမ်းမြှောင်ဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ ပတ်သက်ပြီး Hamas အုပ်စုကို ရှုတ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG