သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှ ရွေးကောက်ပွဲ ရှိတ်ခ် ဟာဆီနာ အပြတ်အသတ် အနိုင်ရ


မနေ့က ပြုလုပ်ပြီးစီးသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်
ဟောင်း ရှိတ်ခ် ဟာဆီနာ (Sheikh Hasina) ရဲ့
အဝါမီအဖွဲ့ချုပ်ပါတီနဲ့ မဟာမိတ်တွေက အမတ်
နေရာအများစု အနိုင်ရရှိခဲ့ပြီး အမတ်နေရာ
၃၀၀ ရှိတဲ့အနက် အဝါမီအဖွဲ့ချုပ်နဲ့ မဟာမိတ်
တွေက အနည်းဆုံး လေးပုံသုံးပုံ အနိုင်ရရှိ
သွားတာ ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်မှာ အနိုင်ရရှိသွားခဲ့တဲ့ ရှိတ်ခ်
ဟာဆီနာနဲ့ သူ့ရဲ့အဖေတို့ဟာ စစ်တပ်က
မိသားစုတစုလုံးကို သတ်ဖြတ်တာခံခဲ့ရပြီး
အနိုင်ရရှိခဲ့တဲ့ ရှိတ်ခ် ဟာဆီနာဟာ ကျန်ရစ်
ခဲ့တဲ့ သမီးနှစ်ဦးအနက်က တဦးဖြစ်ပါတယ်။

သူမဟာ ဖခင်ရဲ့နိုင်ငံရေးပါတီ အဝါမီအဖွဲ့ချုပ်ကို ဆက်လက်ဦးဆောင်ခဲ့ပြီး ၁၉၉၆
ခုနှစ်မှာ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG