စီးပွားရေးပြန်လည်ကောင်းလာပြီး လူမှုဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာအနာတွေ ပြန်လည်
အနာကျက်လာအောင် သူ့အစိုးရက ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်
အဘီဆစ် ၀ိဂျာဂျီဝ (Abhisit Vejjajiva) က ပါလီမန်လွှတ်တော်အမတ်တွေကို အင်္ဂါနေ့
က ပြောခဲ့ပါတယ်။
ပြုတ်သွားတဲ့ ၀န်ကြီးချုပ်ဟောင်း
တပ်ခ်ဆင်ကို ထောက်ခံသူ ထောင်ပေါင်း
များစွာက ပါလီမန်အဆောက်အဦကို
ဒုတိယနေ့ ၀ိုင်းထားပြီးနောက် မစ္စတာ
အဘီဆစ်က သူ့ရဲ့ ပထမဆုံး မူဝါဒကို
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြောခဲ့တာ
ဖြစ်ပါတယ်။
ဆန္ဒပြသူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်တယ်
လို့ အာဏာပိုင်တွေက ပြောပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီမဟာမိတ်အဖွဲ့လို့ ဆန္ဒပြသူတွေက သူတို့ကိုယ်
သူတို့ ခေါ်ကြပါတယ်။ ရွေးကောက်ပွဲအသစ်ကျင်းပပေးဖို့ တောင်းဆိုထားတာ ရတဲ့
အထိ ပါလီမန်ကို ပိတ်ထားလိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။