သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ်မှာ အရေခြုံဒီမိုကရေစီ များပြားနေဟု လူ့အခွင့်အရေး အစီရင်ခံစာ ဖော်ပြ


ကမ္ဘာပေါ်ကအာဏာရှင်တွေဟာ သူတို့ကိုယ်
သူတို့ ဒီမိုကရေစီဝါဒီတွေလို့ဆိုပြီး ကြိုးပမ်း ဆောင်ရွက်နေမှုတွေ အများစုဟာ ကမ္ဘာ့ဒီမို
ကရေစီစနစ် တည်ဆောက်လာနိုင်ဖို့အတွက်
အလှမ်းဝေးမှုတွေ ဖြစ်စေတယ်လို့ အမေရိ
ကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခု
က ပြောဆိုလိုက်ပါတယ်။ ဗွီအိုအေသတင်း
ထောက် Michael Bowman ဝါရှင်တန်မြို့က သတင်းပေးပို့ထားတာကို မညိုညိုလွင်က ဆက်လက်တင်ပြပေးပါမယ်။

ပထမဆုံး ကောင်းသတင်းတခုကတော့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့ရဲ့ အချက်အလက်တွေအရ နိုင်ငံခေါင်းဆောင် တော်တော်များများဟာ ဒီမိုကရေစီစနစ်ကို ခုခံကာကွယ်သူတွေအဖြစ် အသိအမှတ်ပြု
လာနိုင်တဲ့ အရည်အသွေးတွေ မြင်လာရပါတယ်။ ဒီမိုကရက်၊ ဒီမိုကရေစီလိုလားသူလို့ အမည်တပ်လိုက်ခြင်းဟာ သိပ်ပြီး ထင်ထင်ရှားရှားတော့ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့်
ဒါဟာ ဇာတ်လမ်းအစပါပဲ။

“မကောင်းသတင်းတခုကတော့ ဒီမိုကရေစီစနစ် ထွန်းကားနေတဲ့နိုင်ငံတွေကလည်း ဒီမိုကရေစီအရေခြုံထားတဲ့ အာဏာရှင်တွေ တည်ဆောက်နေတယ်ဆိုတာကို မျက်ကွယ်ပြုနေကြတာပါပဲ”

လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကန်းနက်သ်ရို့သ် (Kenneth Roth) က ပြီးခဲ့တဲ့
နှစ်က မြင်တွေ့ရတာက ဈေးပေါတဲ့၊ သိက္ခာမရှိတဲ့ ဒီမိုကရေစီစနစ်တွေပါပဲလို့ ပြောဆို
လိုက်ပါတယ်။

“ဒီမိုကရေစီစနစ်ကို တရားဥပဒေစိုးမိုးမှုဆိုတဲ့ အဓိကသော့ချက်နဲ့ တွေ့ မြင်ရမှာဖြစ်ပါ
တယ်။ ကျနော်တို့တွေ့နေရတာက ခေါင်းဆောင်တွေဟာ လေနဲ့ အပြောနဲ့ ကစားနေ
ကြတာပါပဲ။ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အချုပ်အခြာအာဏာပိုင် ဒီမိုကရေစီ
ဟာ အထွတ်အထိပ်ဖြစ်ရမယ်လို့ ပြောပါတယ်။ အချုပ်အခြာက ဘယ်မှာပါလဲဆိုပြီး
မေးမယ်ဆိုရင် သူကိုယ်တိုင်ဖြစ်နေပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေကလည်း
စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ဆိုပြီး ပြောလာပါတယ်။ တရုတ်ကလည်း ဆိုရှယ်လစ် ဒီမိုကရေစီစနစ်ဆိုပြီး ဆွေးနွေးလာပါတယ်။ ပါကစ္စတန်နိုင်ငံသမ္မတ ပါဗက်ဇ်
မူရှာရက်ဖ် (Pervez Musharraf)ကလည်း စစ်မှန်တဲ့ဒီမိုကရေစီလို့ပြောပြီး အရေးပေါ်
ဥပဒေကို ထုတ်ပြန်ပါတယ်”

အမေရိကန်လို ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေကလည်း ဒီပြောဆိုဆောင်ရွက်မှုတွေ
မှာ ကြံရာပါဖြစ်နေတယ်လို့ ဝါရှင်တန် အမျိုးသားသတင်းထောက်အသင်းမှာ စွပ်စွဲ
ပြောဆိုခဲ့ပါတယ်။

“ထင်သာမြင်သာတဲ့ သာဓကတခုက ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့အတွက် အနောက်နိုင်ငံ
ကြီးတွေက ဒီမိုကရေစီသတ်မှတ်ချက်တွေကို လျှော့ချလိုက်တာပါပဲ။ သမ္မတ ပါဗက်ဇ်
မူရှာရက်ဖ် ပါကစ္စတန်မှာ အရေးပေါ်ဥပဒေ ထုတ်ပြန်တာကို သမ္မတဘုရှ်က တုံ့ပြန်တာ
မျိုးပေါ့။ မူရှာရက်ဖ်ဟာ ထောင်နဲ့ချီတဲ့ အတိုက်အခံ အားပေးသူတွေကို ဖမ်းဆီး
ထိန်းသိမ်းခဲ့တယ်။ သတင်းဌာနတွေကို ပိတ်ပစ်တယ်။ တရားရေးဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ်တယ်။ တရားဥပဒေ စိုးမိုးမှုကို ဂရုမပြုဘူး။

“သမ္မတဘုရှ်က ဒါတွေ မကြာခင်မှာ ကျော်ဖြတ်နိုင်မှာပါလို့ ပြောခဲ့ပါတယ်။ မူရှာရက်ဖ်
ဟာ ဒီမိုကရေစီစနစ်ကို ယုံကြည်သူပါလို့ ဆိုခဲ့တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သူရှိနေပါတယ်လို့လည်း ပြောခဲ့တယ်။ တကယ်လို့ အခု သူ ဒီမိုကရေစီလမ်းကြောင်း
ပေါ်မှာ ရှိနေတယ်ဆိုရင် အတိုက်အခံအားပေးသူတွေကို ဘာကြောင့်ဖမ်းထားတာလဲ၊ သတင်းဌာနတွေကို ဘာကြောင့် ပါးစပ်ပိတ်ခိုင်းထားတာလဲ၊ တရားဥပဒေစိုးမိုးရေးကို
ဘာကြောင့် မျက်ကွယ်ပြုနေရတာလဲ၊ ဒါဟာ လွယ်လွယ်လေးနဲ့ မြင်နိုင်ပါတယ်။ ကမ္ဘာ
ပေါ်က အာဏာရှင်တိုင်းဟာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီလိုလားသူတွေအဖြစ် အရည် အချင်းရှိတယ်လို့ ထင်နေကြလို့ပါပဲ”

ပါကစ္စတန်နိုင်ငံမှာ လာမယ့်ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ တရားမျှတပြီး လွတ်လပ်မှု
ရှိတဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်လို့ သမ္မတမူရှာရက်ဖ်က ကတိပေးပြောဆို
ထားပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုအဖွဲ့ရဲ့ ၂၀၀၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံ
စာမှာ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်ရဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။ လူသား ချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်နေတဲ့ ဆူဒန်၊ ဆိုမားလီးယား၊ အရှေ့အီသီ
ယိုးပီးယားနိုင်ငံတွေ အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ရက်စက်ယုတ်မာမှုတွေ ရှိနေတယ်ဆိုပြီး ချတ်၊ ကွန်ဂို၊ အီရတ်၊ သီရိလင်္ကာ၊ မြန်မာနဲ့ ကိုလံဘီယာနိုင်ငံတွေ အကြောင်းကိုလည်း ဖော်ပြထားပြီး မတရားမှုတွေ အများဆုံးရှိတဲ့ လစ်ဗျား၊ အီရန်နဲ့
တရုတ်နိုင်ငံတွေအကြောင်းလည်း ပါရှိပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှောင်မက်
ကောမက် (Sean McCormack) ကတော့ ဘာမှ တုံ့ပြန်မှုမပေးဘဲ အမေရိကန်နိုင်ငံ
ဟာ တရားမျှတတဲ့ လူ့အခွင့်အရေးထွန်းကားအောင် ဆောင်ရွက်နေကြောင်း ပြောဆို
ခဲ့ပါတယ်။

“ဒီမိုကရေစီစနစ်ကို မြှင့်တင်ပေးနေပါတယ်။ အခြေခံလူ့အခွင့်အရေးတွေ ကမ္ဘာတဝှမ်း
ရရှိအောင် မြှင့်တင်လုပ်ဆောင်နေပါတယ်။ ကမ္ဘာအနှံ့ ဒီမိုကရေစီထွန်းကားအောင်၊ လွတ်လပ်မှုတွေရှိအောင် လုပ်ဆောင်ခြင်းဟာ ကျနော်တို့ရဲ့ နိုင်ငံခြားရေးရာမူဝါဒပဲ
ဆိုတာ သမ္မတက ပြည်သူလူထုကို ပြောကြားတာ ခင်ဗျားကြားသိမှာပါ”

နိုင်ငံတခုမှာ ဒီမိုကရေစီစနစ် ထွန်းကားလာဖို့ ဖြတ်သန်းတယ်ဆိုတာမှာ နိုင်ငံရဲ့ ကိုယ်ပိုင်သမိုင်းကြောင်း၊ အချိန်ကာလသတ်မှတ်ချက်၊ ယဉ်ကျေးမှုတွေ ရှိပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးဆိုတာကတော့ နိုင်ငံတိုင်း အခြေခံလုပ်ဆောင်ရမယ့် အချက်
ပါပဲလို့ မက်ကောမက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG